အဆိုတော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အောင်မြင်စွာရပ်တည်နေသူကတော့ ပရိသတ်အချစ်တော် ရွှေထူးပဲ ဖြစ်ပါတယ် ။ ရွှေထူးက ပရိသတ်တွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် သီချင်းကောင်းလေးတွေကို သီဆိုဖန်တီးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ ရွှေထူးရဲ့သီချင်းတော်တော်များများကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး အမြဲလိုလို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc

အိမ်ထောင်ကျပြီးနောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ရွှေထူးက သီချင်းအသစ်တွေ ဆက်တိုက်ဖန်တီးနေတာပဲ ဖြစ်ပါတယ် ။ ဒီနေ့စက်တင်ဘာလ (၁၉) ရက်နေ့လေးမှာတော့ ရွှေထူးက အသက် (၂၈) နှစ်တိတိပြည့်သွားခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် ရွှေထူးအနေနဲ့ မွေးနေ့မှာ စောစောစီးစီးထပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့သလို Live လွှင့်ပြီး ပရိသတ်တွေနဲ့စကားပြောခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Htoo Khant's FB Acc
Photo Credit-Shwe Htoo's FB Page

အဓိကအနေနဲ့ ရွှေထူးက သူ့ကိုအားပေးတဲ့ပရိသတ်တွေကို အားမလိုအားမရဖြစ်အောင်လုပ်မိတဲ့အတွက် တောင်းပန်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရွှေထူးက သူ့ရဲ့ခံစားချက်လေးတွေကို ပြောပြရင်း ဝမ်းနည်းမျက်ရည်ဝဲခဲ့တာလည်း ဖြစ်ပါတယ် ။ ပရိသတ်တွေကတော့ ရွှေထူးကို အခုချိန်အထိဆက်လက်အားပေးနေကြပြီး သူ့အတွက် မွေးနေ့ဆုတောင်းစကားလေးတွေကိုလည်း လူမှုကွန်ယက်မှာ ရေးသားခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Shwe Htoo's FB Page

Photo Credit-Shwe Htoo's FB Page
Photo Credit-Shwe Htoo's FB Page
Photo Credit-Shwe Htoo's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။