Myanmar idol Winner ဆုရှင် ချင်းတိုင်းရင်းသူလေး အက်စတာ ကိုတော့ ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ အက်စတာ ဟာ ဇာတိဌာနေနဲ့ ဝေးကွာတဲ့ ရန်ကုန်မြို့ကြီးမှာ ဝါသနာကြီးလွန်းတဲ့ ဂီတကို ယုံကြည်မှုရှိရှိ အောင်မြင်မှုတွေရရှိအောင် လျှောက်လှမ်းလာတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

လတ်တလော ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလတွေမှာ ဖျော်ဖြေပွဲတွေကို ခေတ္တရပ်နားထားပြီး သီချင်းသစ်တွေကို ဖန်တီးနေတာကိုလည်းတွေ့ရပါတယ်။ ဒါ့အပြင် အက်စတာ က နေ့စဥ်လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်တဲ့ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း အက်စတာ က မြင်သူတိုင်းငေးမောသွားရလောက်မယ့် အလန်းစားပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

ဒီပုံလေးတွေထဲမှာတော့ အက်စတာ က လိုက်ဖက်တဲ့ ဖက်ရှင်လေးကို ဝတ်ဆင်ထားပြီး ရင်ခုန်စရာကောင်းတဲ့ အမူအရာလေးတွေ နဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း အက်စတာက " အမှတ်တရ လက်ဆောင်လေးနဲ့ အမှတ်တမဲ့ဓာတ်ဖမ်းခဲ့တဲ့ အခိုက်အတန့်မှာ Whitenubes Family တို့ကို သတိရတဲ့ အမှတ်တရနေ့လေးတစ်နေ့ပေါ့.....ငြိမ်သက်ခြင်း ကျန်းမာခြင်း နေ့သစ်မှာပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုန်ဆုန်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ.....ချစ်ပရိသတ်ကြီးရေ မြင်နေကျပုံစံတွေထက် တမူထူးခြားပြီး ဆွဲဆောင်မှုရှိရှိ ချစ်ဖို့ကောင်းနေတဲ့ အက်စတာရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Kyaw Shwe Min (Dior by Heart)
Photo Credit - Kyaw Shwe Min (Dior by Heart)

Photo Credit - Kyaw Shwe Min (Dior by Heart)

Source - Esther DCS fb page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။