ပရိသတ်ကြီးရေ မင်းသားမြင့်မြတ်ကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေရပြီး သဘာဝကျကျ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မြင့်မြတ်က သားလေးတစ်ယောက်ကို မွေးထားကာ ပြီးပြည့်စုံတဲ့ မိသားစုဘဝကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

Photo Credit - Myat Wai Wai fb account
Photo Credit - Myat Wai Wai fb account

မြင့်မြတ်ကတော့ စိတ်သဘောထားနူးညံ့ပြီးဖော်ဖော်ရွေရွေ ဆက်ဆံတတ်တာကြောင့် ပရိသတ်တွေအပြင် အနုပညာညီအစ်ကို မောင်နှမတွေကပါ ချစ်အားပိုနေရတာဖြစ်ပါတယ်။မကြာခဏဆိုသလို ချစ်စရာကောင်းတဲ့ သားလေးရဲ့ ပုံလေးတွေနဲ့ ကြည်နူးစရာ မိသားစုပုံလေးတွေကို ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာလည်း မြင့်မြတ်တို့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Myat Wai Wai fb account
Photo Credit - Myat Wai Wai fb account

ဒီပုံလေးတွေထဲမှာတော့ သားလေးမြတ်သူ က မျက်မှန်လေးတပ်ပြီး စတိုင်လ်အပြည့်နဲ့ လမ်းလေးလျှောက် ဓာတ်ဖမ်းနေတာလေးကို ဖေဖေမြင့်မြတ်က ကြည့်ပြီး ချစ်မဝဖြစ်နေတာဖြစ်ပါတယ်။ သားလေး မြတ်သူကလည်း တစ်နေ့တခြားဆိုသလို ပိုပို ချစ်ဖို့ကောင်းလာတာကို တွေ့ရပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မျက်မှန်လေးတပ်ပြီး ပို့စ်ပေးနေတဲ့ မြတ်သူလေးရဲ့ ပုံလေးတွေကိုညပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Myat Wai Wai fb account
Photo Credit - Myat Wai Wai fb account

Photo Credit - Myat Wai Wai fb account

Source - Myat Wai Wai fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။