ချစ်ရတဲ့ ပရိသတ်ကြီးရေ..... သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ကပ်ရောဂါတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ သူမက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေ​ကြောင့် အချိန်ခဏလေးအတွင်းမှာ ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့တဲ့ သူလည်း ဖြစ်ပါတယ်။

Photo credit - Wint Yamone Naing's Facebook Page
Photo credit - Wint Yamone Naing's Facebook Page

ဝင့်ယမုံနိုင်က ထားဝယ်တိုင်းရင်းသူလေးဖြစ်ပြီး စကားသံဝဲဝဲလေးနဲ့ ချစ်စရာကောင်းအောင် ​ပြောတတ်သူဖြစ်လို့ အများကလည်း ချစ်ကြပါတယ်နော်။ သူမရဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကလည်း သွယ်လျလှပတာဖြစ်ပြီး မြန်မာဝတ်စုံလေးတွေနဲ့ ပိုမိုလိုက်ဖက်တာကိုလည်း တွေ့ရပါတယ်။ လက်ရှိ stay home ကာလမှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် ပုံလေးတွေကို တင်ပေးလေ့ရှိနေတာဖြစ်ပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - Wint Yamone Naing's Facebook Page

ဝင့်ယမုံနိုင်က သူမရဲ့ ကျက်သရေရှိပြီး ဆွဲဆောင်မှုရှိတဲ့ ပုံလေးတွေကို တင်ပေးလာရင်း ကပ်ရောဂါတွေပြီးဆုံးရင် ပြုလုပ်မယ့် အကြောင်းအရာလေးတွေကိုလည်း ပြောပြထားတာကို တွေ့ရပါတယ်။ သူမက " ဒီကပ်ကြီးပြီးသွားရင် ချစ်ခြင်းတရားကိုပိုတန်ဖိုးထားမယ် တစ်ယောက်နဲ့တစ်ယောက် မေတ္တာတွေဖလှယ်ရင်း အမုန်းတရားတွေလျော့ကြပြီးရှင်သန်ကြမယ်နော် " ဆိုပြီး ရေးသားမျှဝေလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Wint Yamone Naing's Facebook Page

Source & Photo credit - Wint Yamone Naing's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။