အကယ်ဒမီမင်းသမီးချောသက်မွန်မြင့်ကတော့ ချင်းတိုင်းရင်းသူလေးဖြစ်ပြီး အရမ်းချစ်ဖို့ကောင်းတဲ့သူလေးဖြစ်ပါတယ်နော်။သက်မွန်က သူမကိုအားပေးချစ်ခင်ကြတဲ့ ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။သက်မွန်က ကလေးနှစ်ယောက်မွေးဖွားထားတဲ့မိခင်‌ဖြစ်ပေမယ့် အလှအပတွေက နည်းနည်းလေးမှမလျော့သွားပါဘူးနော်။

Photo Credit:Thet Mon Myint's Facebook page/Amazing Grace
Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page/Amazing Grace

သက်မွန်ရဲ့မိသားစုလေးက ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းပြီး အရမ်းအေးချမ်းတဲ့မိသားစုလေးဖြစ်ပါတယ်။သက်မွန်ရဲ့ခင်ပွန်းကလည်း အိမ်ထောင်ဦးစီးကောင်းပီသစွာနဲ့ မိသားစုအပေါ် လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ရှောက်ပေးပါတယ်နော်။အားချစ်နဲ့လဝန်းလေးတို့မောင်နှမနှစ်ယောက်က‌တော့ အခုအရွယ်လေးတွေနဲ့တင် လူချစ်လူခင်ပေါများနေကြတာဖြစ်ပါတယ်။

Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page

ယခု Stay homeကာလမှာတော့ မေမေသက်မွန်က ကလေးတွေကို အချိန်အပြည့်ပေးပြီး ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း အားချစ်နဲ့လဝန်းလေးက ကျောင်းတွေနဲ့အလှမ်းဝေးနေတာကြောင့် မေမေသက်မွန်က သင်ပေးနေတာဖြစ်ပါတယ်။အားချစ်နဲ့လဝန်းလေးကလည်း မေမေသင်ပေးနေတာကို ဂရုတစိုက်နဲ့နားထောင်ပြီး လိမ္မာနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page
Photo Credit:Thet Mon Myint's Facebook page

Source&Photo Credit:Thet Mon Myint's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။