ပရိသတ်ကြီးရေ......ဗီဒီယိုဇာတ်ကားခေတ်တည်းက အနုပညာလောကထဲမှာအောင်မြင်ကျော်ကြားလာခဲ့ပြီး သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့ မင်းသမီးဆုပန်ထွာကို သိကြမယ်ထင်ပါတယ်နော်။ သူမဟာ ယခုဆိုရင်ခင်ပွန်းဖြစ်သူ ဥက္ကာကျော်နဲ့အတူသာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး သားငယ်လေး Roar Roar Kyawကိုလည်းပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Nay Min Htun's Facebook acc
Photo credit-Nay Min Htun's Facebook acc

ဆုပန်ထွာဟာလည်း ယနေ့ထိတိုင်အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်အားပေးမှုရရှိနေတဲ့ မင်းသမီးပါ။ ဆုပန်ထွာဟာ မကြာသေးမီကလည်း မြန်မာ့ရုပ်ရှင်နှစ် (၁၀၀)ပြည့်အစီအစဉ်လေးမှာ ပါ၀င်အားဖြည့်ပြီး သီချင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို ဆုပန်ထွာဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ညနေ"ညနေ ညနေညနေခင်း အပျင်းပြေလည်၊ရနံ့လေးကကြွယ် ပျံ့မွှေးလှတယ် မာလာ ပန်း သင်းနံ့ရယ်။သင်းတယ် သင်းတယ်ညနေခင်း အတွင်းမှာကွယ်၊နေမင်းလျှံ လင်း လေညှင်းခံရင်းမှန်းရွယ် လမ်း ထွက်ခဲ့တယ်။

Photo credit-Nay Min Htun's Facebook acc
Photo credit-Nay Min Htun's Facebook acc

အားအင်တက်အောင် ကိုယ်ဆောင်ရွက်မယ်၊ကျန်းမာမှုကို တကယ်သာ ရှေးရှူလို့ရယ်၊နေ့စဉ် နေ့စဉ် ဒီအချိန်ရောက်ရင် လမ်းး (လမ်းလျောက်လို့လည်ချင်တယ်)2နေ့တိုင်း နေ့တိုင်းအချိန်မှာကွယ်၊ ကျန်းမာအောင်ကြံဆောင်မယ်။ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်ဖျော်ဖြေပွဲမှာပါဝင်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ ဒီ "ညနေ" သီချင်းလေးကိုသီဆိုခွင့်၊ဖြစ်တည်ခွင့်ပေးတဲ့သူတစ်ယောက်ချင်းဆီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင့်" ဆိုပြီးရေးသားလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nay Min Htun's Facebook acc
Photo credit-Nay Min Htun's Facebook acc

Source-Supan Htwar's Facebook acc

Photo credit-Nay Min Htun's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။