ပရိသတ်ကြီးရေ အဆိုတော်Rဇာနည်ကတော့ ချစ်စရာကောင်းတဲ့ကလေးလေးသုံးယောက်ရဲ့ ဖခင်ဖြစ်ပါတယ်နော်။Rဇာနည်ရဲ့ချစ်ဇနီးလေးဝမ်းကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတာကြောင့် ပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။Rဇာနည်တို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်ရှိကြလို့ အရမ်းအားကျဖို့ကောင်းတဲ့ မိသားစုဘဝလေးဖြစ်ပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Rဇာနည်ကတော့ ယခု Stay homeကာလမှာ မိသားစုကိုလည်း အချိန်အပြည့်ပေးရင်း သီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေပါတယ်နော်။Rဇာနည်နဲ့ဝမ်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ ကလေးသုံးယောက်အပေါ်မှာ မိဘမေတ္တာတွေအပြည့်အဝပေးပြီး ဂရုစိုက်ပေးနေကြတာဖြစ်ပါတယ်။ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်တို့ ညီအစ်ကိုနှစ်ယောက်ကလည်း ညီမလေးမစ်မစ်တုန်ကို အရမ်းချစ်ကြပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Rဇာနည်ရဲ့ကလေးသုံးယောက်လုံးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတာကြောင့် သူတို့လေးတွေရဲ့ပုံလေးတွေကို အမြဲစောင့်ကြည့်နေကြတာပါနော်။ဒီနေ့လေးမှာဆိုရင်တော့ ဖေဖေRဇာနည်က ကလေးသုံးယောက်နဲ့အတူ လေထိုးရေကူးကန်ထဲမှာ ပျော်ပျော်ပါးပါးရေကစားနေတာဖြစ်ပါတယ်။မစ်မစ်တုန်လေးကလည်း ဖေဖေ့ရဲ့လက်ပေါ်မှာငြိမ်ငြိမ်လေးနေပြီး ရေစိမ်နေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account
Photo Credit:Zarni Myonyunt's Facebook Account

Source&Photo Credit:Zarni Myonyunt's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။