ပရိသတ်ကြီးရေ.. မော်လ်ဒယ်သရုပ်ဆောင် စမိုင်းလ်ကတော့ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားပြီး ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါပဲ..။

အနုပညာလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားသလို အလှူအတန်းတွေဆိုလည်း လက်မနှေးဘဲ အမြဲလိုလို လှူဒါန်းနေတဲ့ စမိုင်းလ်ကတော့ အခုတစ်ခါမှာလည်း လှူဒါန်းမှုလေးတွေ ထပ်မံပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

Photo Credit - Smile's Fb Page
Photo Credit - Smile's Fb Page

Covid ရောဂါကုသမှုခံယူနေပြီး အသက်ရှူရခက်ခဲနေကြတဲ့ လူနာတွေအတွက် ငွေကျပ်(၅၉)သိန်းတန်ဖိုးရှိ အောက်စီဂျင်စက်(၁၀)လုံး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်နော်..။

အခုလို မွန်မြတ်တဲ့ အလှူဒါနလေးပြုပြီး ကုသိုလ်ယူခဲ့တဲ့ အလှူလေးကို ပရိသတ်တွေကိုလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ စမိုင်းလ်က ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - We love Yangon Fb Page
Photo Credit - We love Yangon Fb Page

"အသက်ရှူရခက်ပြီး အောက်စီဂျင်လိုနေတဲ့ သူတွေအတွက် အောက်စီဂျင်စက် ၁၀လုံး လှူဒါန်းကုသိုလ်ပြုခဲ့ပါတယ်။ ကပ်ရောဂါဆိုးကြီးမှ အမြန်ဆုံးသက်သာ ပျောက်ကင်းကြပါစေ.." ဆိုပြီးတော့လည်း ဆုတောင်းစကားလေးဆိုထားပါသေးတယ်နော်..။

မွန်မြတ်စွာ ကုသိုလ်ပြုလှူဒါန်းခဲ့တဲ့ စမိုင်းလ်တို့မိသားစုလေးရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေက သာဓုခေါ်ကာ ဆုတောင်းစကားလေးတွေလည်း ပြန်လည်ပြောထားကြပါတယ်နော်..။

Photo Credit - We love Yangon Fb Page
Photo Credit - We love Yangon Fb Page

Source & Photo Credit - Smile's Fb Page & We love Yangon Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။