ချစ်ပရိသတ်ကြီးရေ စူပါမော်ဒယ်လ်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တဲ့ သန္တာဗိုလ်ကတော့ အနုပညာလမ်းကြောင်းထက်မှာ ပရိသတ်အားပေးချစ်ခင်မှုကို များစွာရရှိထားတဲ့သူပဲဖြစ်ပါတယ် ။ သူ မတူတဲ့ အရပ်အမောင်းကို ပိုင်ဆိုင်ထားပြီး အသားအရည်လေးကလည်း ဖြူဖွေးဝင်းမွတ်တာဖြစ်လို့ ဘယ်လိုဖက်ရှင်တွေပဲ ဝတ်ဝတ် လိုက်ဖက်ညီပြီး လှပတာကိုလည်း တွေ့ရပါတယ်။

Photo credit - Thandar Bo's Facebook Account

အနုပညာလှုပ်ရှားမှုတွေကိုလည်း ကြိုးစားလုပ်ကိုင်နေပြီး အောင်မြင်မှုတွေကို တစ်ခဲနက်ရရှိထားတဲ့ သန္တာဗိုလ်က အချစ်ရေးမှာလည်း လူအများက အားကျနေရတာကိုလည်း တွေ့ရပါတယ်။ သန္တာဗိုလ်က သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့အတူ သစ္စာရှိပြီး နားလည်မှုရှိရှိ လက်တွဲနေတာဖြစ်ပြီး Relationship သက်တမ်း အတော်ကြာပြီလည်း ဖြစ်ပါတယ်။ 

Photo credit - Thandar Bo's Facebook Account

သန္တာဗိုလ်က လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ် ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ကိစ္စလေးတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာကိုလည်း တွေ့ရပါတယ်။ အိမ်မှာနေရင်း လွမ်းနေတဲ့ ပရိသတ်တွေအတွက် ပုံရိပ်အလှလေးတွေကို တင်ပေးလေ့ရှိနေပြီး ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့တာဖြစ်လို့ အဆိုပါ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Thandar Bo's Facebook Account

Photo credit - Thandar Bo's Facebook Account 

Source - Thandar Bo's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။