အကယ်ဒမီမင်းသမီးချောတစ်လက်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းကလုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထက်ထက်မိုးဦးက ဟိုးအရင်တုန်းကဆိုရင် အရမ်းရေပန်းစားပြီး သူမရဲ့ခေတ်တစ်ခေတ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်နော်။ပရိသတ်တွေကတော့ ထက်ထက်ရဲ့အောင်မြင်မှုတွေကို ချီးကျူးကြပြီး ကြော်ငြာဘုရင်မလို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးက အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးကွာသွားခဲ့ပေမယ့် အခုချိန်မှာတော့ အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ထက်ထက်ကိုအားပေးကြတဲ့ ချစ်ပရိသတ်တွေကလည်း သူမကိုကြိုဆိုကြပြီး အမြဲအားပေးနေကြတာပါနော်။လက်ရှိမှာဆိုရင်တော့ ထက်ထက်က အွန်လိုင်းပေါ်မှာ Liveလွှင့်ပြီး ပစ္စည်းလေးတွေရောင်းချနေတာဖြစ်ပါတယ်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

ထက်ထက်မိုးဦးဟာဆိုရင် တစ်ခေတ်တစ်ခါကတည်းက ကိုယ့်အားကိုယ်ကိုးပြီးနာမည်တစ်လုံးကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ထက်ထက်က အနုပညာအလုပ်တွေကိုလည်း အများအပြားလုပ်ကိုင်ခဲ့ရလို့ သူမရဲ့အနုပညာအတွေ့အကြုံက ပြည့်ဝနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ တစ်ချိန်တုန်းက သူမရဲ့ရှုတင်မှာ လူတွေကြိတ်ကြိတ်တိုးရပ်ကြည့်ရတဲ့အထိ အားပေးခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ထက်ထက်က ပြန်လည်မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page
Photo Credit:Htet Htet Moe Oo's Facebook page

Source&Photo Credit:Htet Htet Moe Oo's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။