ပရိသတ်တွေရဲ့ အသည်းကျော်လေးတစ်ဦးဖြစ်တဲ့ ကလေးသရုပ်ဆောင် ထိပ်ထားသခင်လေးကတော့ တစ်နေ့တစ်ခြား အရမ်းကို ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ အသည်းယားစရာကောင်းတဲ့ ဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ ထိပ်ထားလေးက မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး မော်ဒယ်လေးလည်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ထိပ်ထားလေးက ကလေးသရုပ်ဆောင်တစ်ဦး အဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit : ထိပ်ထားသခင် Facebook Page
Photo Credit : ထိပ်ထားသခင် Facebook Page

ထိပ်ထားလေးရဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များတာဖြစ်ပါတယ်။ထိပ်ထားသခင်လေးကတော့ လက်ရှိမှာ ကြော်ငြာများစွာ ရိုက်ကူးနေရသူလေး ဖြစ်ပါတယ်။ အသက်အငယ်ဆုံး မော်ဒယ်လေးအဖြစ် ပရိသတ်တွေနဲ့ စတင်ရင်းနှီးလာခဲ့တဲ့ ထိပ်ထားလေးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်ထားလေးက အခုကတည်းက ဖေဖေနဲ့မေမေအတွက် အားကိုးနေရတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။

Photo Credit : ထိပ်ထားသခင် Facebook Page
Photo Credit : ထိပ်ထားသခင် Facebook Page

ထိပ်ထားလေးရဲ့ အသည်းယားစဖွယ် အမူအရာနဲ့ ပုံလေးတွေကတော့ တကယ့်ကို အပြစ်ကင်းစင်ပြီး မြင်သူတိုင်းကို ချစ်မဝဖြစ်စေနိုင်တာ လည်းတွေ့ရပါတယ်။လတ်တလောမှာလည်း မြန်မာပြည်သူပြည်သားတွေရောဂါကပ်ဆိုးကြီးကအမြန်လွတ်မြောက်ပါစေလို့ ဘုရားရှိခိုးဆုတောင်းပေးနေတဲ့ ပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ ထိပ်ထားလေးတစ်ယောက် အရမ်းလိမ္မာလွန်းပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Photo Credit : ထိပ်ထားသခင် Facebook Page
Photo Credit : ထိပ်ထားသခင် Facebook Page

Source & Photo Credit : ထိပ်ထားသခင် Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။