ပရိသတ်ကြီးရေ.....ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှု ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့အနုပညာရှင်လေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုပါ ရရှိထားတာပါ။

Photo credit-Yoon Yoon's Facebook page
Photo credit-Yoon Yoon's Facebook page

ယွန်းယွန်းဟာပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။ သူမဟာ ပညာရေးဘက်ကိုဦးစားပေးပြီးအနုပညာလှုပ်ရှားမှုတွေနည်းသွားခဲ့ပေမယ့် အခုအခါမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုသေချာကြိုးစားလုပ်ကိုင်လာနေပြီဖြစ်ပါတယ်။ အခုအချိန်ကာလမှာတော့ အနုပညာရှင်အတော်များများလည်း ကားရိုက်တွေရပ်နားထားရတာလည်းဖြစ်ပါတယ်။

Photo credit-Yoon Yoon's Facebook page
Photo credit-Yoon Yoon's Facebook page

ပရိသတ်အချစ်တော်လေး ယွန်းယွန်းတစ်ယောက်လည်း stay homeနေရင်း အိမ်မှာပဲအနားယူနေတာဖြစ်ပါတယ်နော်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "Stay Home ရင်း ပျင်းလာရင်Yoonလို အဖော်လေးနဲ့နေပါ" ဆိုတဲ့ captionလေးနဲ့ အရုပ်လေးပိုက်ကာချစ်စရာကောင်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Yoon Yoon's Facebook page
Photo credit-Yoon Yoon's Facebook page

Source-Yoon Yoon's Facebook page

Photo credit-Yoon Yoon's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။