ချစ်ပရိသတ်ကြီးရေ... သရုပ်ဆောင် ဆုအိမ့်စံကတော့ Stay home ကာလမှာ အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နေတာဖြစ်ပြီး ပရိသတ်တွေအလွမ်းပုံလေးတွေကိုလည်း တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ် ။ အနုပညာလောကမှာ အောင်မြင်မှုအသင့်အတင့်ရရှိကာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု အခိုင်အမာရရှိထားတဲ့ သူမက ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးလေ့ရှိနေတာလည်း ဖြစ်ပါတယ်။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

သူမရဲ့ ကောက်​ကြောင်းအလှကလည်း ပုရိသပရိသတ်တွေကို အချစ်ပိုစေတာဖြစ်ပြီး photo shooting တွေကိုလည်း အလန်းစားဖက်ရှင်တွေနဲ့ အမိုက်စားရိုက်ကူးလေ့ရှိတာလည်း ဖြစ်ပါတယ်။ 

ဆုအိမ့်စံရဲ့ အလှက အေးချမ်းပြီး ရင့်ကျက်တည်ငြိမ်တာဖြစ်လို့ မြန်မာဝတ်စုံလေးတွေကို ရွေးချယ်ဝတ်ဆင်ရင်လည်း တစ်မျိုးလေး လှသွေးကြွယ်နေတာကို တွေ့ရပါတယ်။

Photo credit - Hsu Eaint San's Facebook Account

ယခုလို stay home ကာလမှာတော့ ဆုဆုက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပါ။ အိမ်မှာနေရင်း ချစ်ရတဲ့ ပရိသတ်တွေကို လက်ဖက်သုပ်လုပ်ကျွေးမလို့ ပြင်ဆင်နေတဲ့ ပုံရိပ်လေးတွေကို အလွမ်းပြေတင်ပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ဆုအိမ့်စံရဲ့ အိမ်နေရင်း မပြင်ဆင်ထားတဲ့ ပုံစံလေးက ကြည့်မိသူတိုင်းရင်ကို လှုပ်ခတ်သွားမိစေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်....... ။

Photo credit - Hsu Eaint San's Facebook Account
Photo credit - Hsu Eaint San's Facebook Account

Source & Photo credit - Hsu Eaint San's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။