ပရိသတ်ကြီးရေ.....အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းအေးအေးလေးတွေရော သီချင်းမြူးမြူးလေးတွေကိုပါ ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အေသင်ချိုဆွေကိုသိကြမယ်ထင်ပါတယ်နော်။ သူမရဲ့သီချင်းတွေဟာဆိုရင် တစ်ခတ်တခါက လူငယ်တွေကြားမှာရေပန်းစားခဲ့ပြီး အကြိုက်တွေ့ခဲ့တဲ့သီချင်းကောင်းလေးတွေပဲဖြစ်ပါတယ်။ အေသင်ဟာ အခုဆိုရင်ပါး‌ဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုပါပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

အေသင့်ရဲ့သမီးဗီးဗီးလေးဟာလည်း အရွယ်နဲ့မလိုက်အောင်ကို လိမ္မာရေးခြားရှိပြီး စကားတတ်တဲ့ သမီးလေးဖြစ်ပါတယ်နော်။ ဒါ့ပြင် မေမေနဲ့လည်းအရမ်းရုပ်တူတာဖြစ်ပြီး ဆံပင်ကောက်ကောက်ပါးဖောင်းဖောင်းလေးနဲ့ ချစ်မွှေးပါတဲ့သူလေးပါ။ အခုလက်ရှိ stay homeကာလမှာတော့ သမီးလေးကို အိမ်မှာပဲထားရင်း အေသင်တစ်ယောက် ဆော့ကစားပေးနေတာပါနော်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

မကြာသေးမီကတော့ အေသင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ကြိုးတုပ်ထားလည်း မရမက ကြိုးစား ရုန်းထွက်" ဆိုတဲ့ captionလေးနဲ့အတူ ဗီးဗီးတစ်ယောက် ကြိုးတုပ်ခံထားရတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ ဗီးဗီးလေးဟာ တစ်ကိုယ်လုံးမှင်တွေနဲ့ပေကျံနေအောင် ဆော့ကစားထားတာဖြစ်ပြီး အေသင်တစ်ယောက်သမီးလေးကိုကြည့်ရင်း ငိုရခက်ရယ်ရခက်ဖြစ်နေတာပါနော်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo credit-Athen Cho Swe's Facebook acc
Photo credit-Athen Cho Swe's Facebook acc

Source& video Credit-Athen Cho Swe's Facebook acc

Photo credit-Athen Cho Swe's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။