ချစ်ရတဲ့ ပရိသတ်ကြီးရေ..... သရုပ်ဆောင် မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ MRTV 4မှာပြသခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိနေသူလေးပဲဖြစ်ပါတယ်။ သူမကတော့ တက်သစ်စသရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့်လည်း ဇာတ်လမ်းတွဲတွေမှာ ကြိုးစားသရုပ်ဆောင်ထားတာဖြစ်လို့ ပရိသတ်ရဲ့ အချစ်ကို သိမ်းပိုက်ထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ 

Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon

အနုပညာလောကမှာနာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ အသည်းယားစရာကောင်းတဲ့ အပြုံးလေးတွေအပြင် ချိုသာယဥ်ကျေးစွာပြောဆိုတတ်တာကြောင့်လူအများရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်။ ပုရိသတွေရဲ့ အသည်းတွေကို ညို့ယူဖမ်းစားနိုင်တဲ့ သူမကတော့ ဇာတ်လမ်းတွဲတွေကို ရိုက်ကူးနေသလို ကြော်ငြာတွေကိုလည်း ရိုက်ကူးနေရသူလေးပြီး ဖိတ်ကြားထားတဲ့ ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်နေရသူလေးပဲဖြစ်ပါတယ်။ 

Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon

ယနေ့မှာလည်း နန်းစန္ဒာလှထွန်းက ရိုက်ကွင်းထက်က ပုံရိပ်အလှလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေက အသည်းယားစရာ​ကောင်းလွန်းနေပြီး ဆံပင်အတို ပုံစံလေးနဲ့ ချစ်စရာကောင်းအောင် ပိုစ့်ပေးကာ " ဆံပင်အတို နဲ့ပုံစံက မင်းကြိုက်တတ်တဲ့ girlfriend materials ဟုတ်ရဲ့လား " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon
Photo credit - Sett Paing Htoon

Photo credit - Sett Paing Htoon

Source - Nan Sandar Hla Htun's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။