ပရိသတ်ကြီးရေ အဆိုတော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဆုပန်ထွာဟာဆိုရင် ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်လေးတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ဆုပန်ထွာက သားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့မိခင်ဖြစ်ပေမယ့် နည်းနည်းလေးမှအလှတွေမပျက်စီးသွားဘဲ ပိုပြီးနုပျိုလှပနေတာဖြစ်ပါတယ်။ဆုပန်ထွာကတော့ သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားလို့ အရမ်းကံကောင်းပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

ဆုပန်ထွာက အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ အိမ်မှုကိစ္စမှန်သမျှကို သူမကိုယ်တိုင်လုပ်ဆောင်ပြီး ချစ်ခင်ပွန်းနဲ့သားလေးကိုလည်း မလစ်ဟင်းအောင်ဂရုစိုက်ပေးပါတယ်နော်။ဆုပန်ထွာကတော့ အိမ်အလုပ်တွေကို တစ်နေကုန်လုပ်ဆောင်တာကြောင့် သူမရဲ့နားချိန်လေးက အနည်းငယ်ပဲရှိပေမယ့် အမြဲပျော်ရွှင်နေတာဖြစ်ပါတယ်။ဆုပန်ထွာရဲ့ ချစ်ခင်ပွန်း ကိုဉက္ကာကျော်ကလည်း ဇနီးနဲ့သားလေးကို ကြင်နာယုယပြီး ဂရုစိုက်ပေးပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

ကိုဉက္ကာကျော်က ချစ်ဇနီးချောလေးဆုပန်ထွာကိုလည်း အရမ်းချစ်ပြီး တစ်ခါတစ်လေကျရင် အိမ်အလုပ်တွေကို ကူလုပ်ပေးပါတယ်နော်။အခုဆိုရင်တော့ ဆုပန်ထွာက ကိုဗစ်ကာကာကွယ်တဲ့အနေနဲ့ အဟာရပြည့်ဝအောင် အားရပါးရစားသောက်နေတာဖြစ်ပါတယ်။ကိုဉက္ကာကျော်ကလည်း ချစ်ဇနီးလေးကို နောက်ကနေဗီဒီယိုခိုးရိုက်ထားပြီး ချစ်မဝဖြစ်နေတာကြောင့် ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

Photo Credit:Okkar Kyaw's Facebook Account

Source& Video Credit:Okkar Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။