အနုပညာအလုပ်တွေနဲ့ အချိန်အကြာကြီး အလှမ်းဝေးကွာခဲ့ရပြီး ယနေ့ချိန်မှာတော့ ပရိသတ်တွေ ရှေ့ကို ပြန်လည်ရောက်ရှိလာသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ချမ်းမီမီကိုပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများစွာကို တစ်ခေတ်တစ်ခါက လက်မလည်အောင် ရိုက်ကူးခဲ့ရသူ တစ်ယောက်ပါ။ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်တော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေအားလုံးက ဝမ်းသာနေကြတာပါ။

Photo Crd- Chan Me Me Ko’s Facebook page
Photo Crd- Chan Me Me Ko’s Facebook page
Photo Crd- Chan Me Me Ko’s Facebook page

ချမ်းမီမီကိုဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာနေစဉ်အတွင်း ဘာသာရေးအလုပ်တွေကို အမြဲလုပ်ဆောင်နေပြီး တရားစခန်းတွေလည်း မကြာခဏ ဝင်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ဘုရားတရားအမြဲ လုပ်နေတာကြောင့်လည်း သူမရဲ့ မျက်နှာလေးက ကြည်လင်ဝင်းပပြီး မြင်သူတိုင်းက အချစ်ပိုနေကြတာပါ။ ချမ်းမီမီကိုဟာ လတ်တလော Stay Home ကာလလေးမှာ ပရိသတ်တွေအတွက် Tik Tok လေးတွေ ဆော့ကစားကာ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Chan Me Me Ko’s Tik Tok Account
Photo Crd- Chan Me Me Ko’s Tik Tok Account
Photo Crd- Chan Me Me Ko’s Tik Tok Account

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ချမ်းမီမီကိုရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ဟန်ဆောင်မှုကင်းပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ တစ်မျိုးလေးဆွဲဆောင်မှုတွေ ရှိနေတဲ့ ချမ်းမီမီကိုရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Sone and Photo Crd- Chan Me Me Ko’s Facebook  Page and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။