ချစ်ရတဲ့ ပရိသတ်ကြီးရေ......ဖြူဖွေး၀င်းဥနေတဲ့အသားအရည်လေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ တိုင်းရင်းသူလေး မြတ်ရတနာကျော်ကတော့ ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့သူလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာလှုပ်ရှားမှုတွေကို အနည်းငယ်သာလုပ်ခဲ့ပေမယ့် ပရိသတ်တွေကသူမကိုသတိထားမိပြီး ယနေ့တိုင် ချစ်ခင်အားပေးနေတာကိုလည်း တွေ့ရပါတယ်။  

Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet

ပရိသတ်အချစ်တော်မလေး မြတ်ရတနာကျော်က music videoတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုတော် လွှမ်းပိုင် သီဆိုထားတဲ့ တစ်ခါတက္ကသိုလ်ဆိုတဲ့ သီချင်းလေးမှာ ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမဟာ အခုလက်ရှိမှာဆိုရင် Rap အဆိုတော် အာဘွိုင်းနဲ့အတူသာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာလည်း ပရိသတ်တွေ အသိပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပါးဖောင်းဖောင်းလေးတွေနဲ့ အသည်းယား ချစ်စရာကောင်းတဲ့သမီးလေး Scarlett ကိုလည်း ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ Scarlettလေးဟာ သူမ နဲ့တူပြီး ဖြူဖြူဖွေးဖွေးလေးနဲ့ အသည်းယားစရာလေးပါ။ 

Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet

မြတ်ရတနာကျော်ဟာ ဓာတ်ပုံလှလှလေးတွေလည်းရိုက်ရတာဝါသနာပါတဲ့သူလေးဖြစ်ပြီး မကြာခဏဆိုသလိုလည်း ပုံလေးတွေတင်ပေးတတ်ပါတယ်။ ယနေ့မှာလည်း လှပတဲ့ ရှုခင်းတွေကို နောက်ခံထားပြီး ဂစ်တာလေးကို လွယ်ကာ အလွမ်းအဆွေးအမူအရာလေးနဲ့ ပိုစ့်ပေးနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ ကိုရီးယားမလေးတစ်ယောက်လို အသည်းယားအချစ်ပိုစရာကောင်းလွန်းနေတဲ့ မြတ်ရတနာကျော်ရဲ့ ပုံလေးတွေကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet
Photo credit - Sai Kaung Htet

Photo credit - Sai Kaung Htet

Source - Myat Yadanar Kyaw's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။