ပရိသတ်ကြီးရေ သုံးထပ်ကွမ်းအကယ်ဒမီဆုရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အနုပညာလောကမှာ ထိပ်တန်းစာရင်းဝင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။‌ဖွေးဖွေးရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်ကျော်ရှိနေပြီဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ သူမကို ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို အမြဲအားပေးကြတာပါနော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

ဖွေးစိန်လေးက လက်ရှိမှာတော့ အိမ်မှာပဲ မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။ဖွေးစိန်လေးရဲ့မိသားစုကလည်း စည်းစည်းလုံးလုံးနဲ့ စိတ်တူကိုယ်တူရှိကြလို့ အရမ်းပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးဖြစ်ပါတယ်။ဖွေးစိန်ကတော့ သမီးကြီးပီပီ မိဘကို လိုလေသေးမရှိအောင် ဂရုစိုက်စောင့်ပေးတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

ဖွေးစိန်လေးရဲ့ဖေဖေနဲ့မေမေကတော့ စိတ်ချမ်းသာအောင်ထားတဲ့ သားသမီးတွေကြောင့် အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဖွေးစိန်လေးရဲ့ ဖေဖေက သမီးချောနဲ့အပြိုင် မျက်နှာလေးပြောင်နေတာဖြစ်ပါတယ်။အမူအရာတွေကအစ အရမ်းချစ်ဖို့ကောင်းပြီး တက်ညီလက်ညီနဲ့မျက်နှာပြောင်နေကြတဲ့ ဖွေးစိန်တို့သားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

Source&Photo Credit:Kyaw Kyaw Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။