အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ ယနေ့ချိန်ထိ ကြိုးစားပမ်းစား လုပ်ကိုင်နေပြီး အောင်မြင်မှုတွေ ရရှိထားနေသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အမိုက်စား ခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေ ပိုင်ဆိုင်ထားတာကြောင့် ပုရိသတွေရဲ့ တစ်ခဲနက် အားပေး ဝန်းရံမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ ပွဲအခမ်းအနားများစွာတက်ရောက်ရာတွင်လည်း သူမရဲ့ ခေတ်ရှေ့ပြေးဖက်ရှင်များက အားလုံးကို လည်ပြန်ငေးမောရလောက်အောင် ဖမ်းစားထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account

သူမဟာ ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေး အမြဲဖြစ်နေစေရန် လေ့ကျင့်ခန်းတွေ အမြဲလုပ်ဆောင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒိုက်ထိုးတဲ့ Challenge ကိုလုပ်ဆောင်နေသည်မှာ (၂၃) ရက်ရှိနေပြီပဲ ဖြစ်ပါတယ်။ မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account
Photo Crd- Thinzar Wint Kyaw’s Facebook Account

ဒါကတော့ ချွေးတဒီးဒီးနဲ့လေ့ကျင့်ခန်းလုပ်နေတာတောင်အလှမပျက်ဘဲညှို့အားပြင်းလွန်းနေတဲ့သင်ဇာဝင့်ကျော်ရဲ့Video လေးပဲ ဖြစ်ပါတယ်။ သင်ဇာရဲ့ work out ဝတ်စုံလေးတွေကလည်း သူမနဲ့ အရမ်းကို လိုက်ဖက်မှုရှိနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာဝင့်ကျော်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Thinzar Wint Kyaw’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။