သီချင်းဆိုကောင်းသလို ရုပ်ရည်လေးကပါ ချောမောလှပသူဖြစ်တဲ့ အဆိုတော် ပန်းအိဖြူကတော့ နက်မှောင်တောက်ပတဲ့ ဆံနွယ်ရှည်လေးတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ပန်းအိဖြူက မြန်မာသံစဥ်တေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်ရုံသာမက သူမကိုယ်တိုင်လည်း မြန်မာအမျိုးသမီးကောင်းပီသစွာ ဝတ်စားဆင်ယင်လေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပန်းအိဖြူက ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ် ။

Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc

ပန်းအိဖြူက ချစ်ခင်ပွန်းနဲ့အိမ်ထောင်ကျပြီး သားလေးတစ်ယောက် ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ ပန်းအိဖြူရဲ့သားဦးလေးကတော့ အခုဆိုရင် အသက် (၁၁) ရက်အရွယ်သာရှိသေးပြီး အရမ်းချစ်ဖို့ကောင်းတာကြောင့် ဖေဖေနဲ့မေမေက တုန်နေအောင်ချစ်နေရတာ ဖြစ်ပါတယ် ။ အခုလည်း မေမေပန်းအိဖြူက အိမ်မှာနေရင်း ချစ်ရတဲ့သားလေးနဲ့အတူ ဓာတ်ပုံလေးတွေရိုက်ပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc

ပန်းအိဖြူက "မေမေပန်းအိနဲ့ သားသားလေး Selfie ဆွဲပါတယ်ရှင့်..မေမေပန်းအိ သားသားအတွက် ကြိုဝယ်ထားတဲ့ အင်္ကျီလေး...(၁၁) ရက်ပဲရှိသေးတဲ့သားသားကို ဒီနေ့ ဝတ်ပေးကြည့်တော့မှ သုံးလအရွယ်ဝတ်ဖြစ်နေလေရဲ့...ဘာပဲဖြစ်ဖြစ် သားသားကတော့ သိသလိုလိုနဲ့ မေမေ့ကို ရယ်ပြနေလေရဲ့...ချစ်လိုက်တာ မေ့သည်းလေး" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်ပန်းအိဖြူတို့သားအမိရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Pann Ei Phyu Vocalist's FB Acc

Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc
Photo Credit-Pann Ei Phyu Vocalist's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။