ပရိသတ်ကြီးရေ ကျော်ကျော်ဗိုလ် ကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်မှုကိုရရှိပြီး အကောင်းဆုံး ရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ကျော်ကျော်ဗိုလ်က ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက် ရိုက်ကူးနေရပြီး ဘယ်လိုဇာတ်ကောင်တွေမဆို သဘာဝကျကျ သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိထာဖြစ်ပါတယ်။ လတ်တလော အနုပညာအလုပ်တွေကို ကပ်ရောဂါတိုက်ဖျက်ရေး အချိန်ကာလလေးမှာ ခဏတာရပ်နားထားတာကို တွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Bo fb page
Photo Credit - Kyaw Kyaw Bo fb page

လက်ရှိမှာ ကျော်ကျော်ဗိုလ် ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုလေးနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ကျော်ကျော်ဗိုလ် က စတင်ဘာလ ၂၀ ရက်နေ့က ချဲလ်ဆီးအသင်း နဲ့ လီဗာပူးအသင်း တို့ရဲ့ ပွဲစဥ်ဖြစ်တာကြောင့် လီဗာပူး fanဖြစ်တဲ့ ကျော်ကျော်ဗိုလ် က ချဲလ်ဆီးfan ဖြစ်တဲ့ ကိုပေါက်ကို အနိုင်ရခဲ့တဲ့ အသင်းရဲ့ logo ကို တစ်ပတ်တိတိချိန်းပေးဖို့ စိန်ခေါ်ထားတဲ့ ဗီဒီယိုလေးကို တင်ပေးထားတာတွေ့ရပါတယ်။

Photo Credit - Kyaw Kyaw Bo fb page
Photo Credit - Kyaw Kyaw Bo fb page

ကိုပေါက် ကလည်း ကျော်ကျော်ဗိုလ် ရဲ့ စိန်ခေါ်မှုကိုလက်ခံထားပြီး ညပိုင်းမှာတော့ ချဲလ်ဆီးအသင်း (၀-၂) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ကိုပေါက်ဟာ လီဗာပူးအသင်း logo ကို ကတိအတိုင်း ချိန်းပေးခဲ့ရပါတယ်။ အနိုင်ရရှိသွားတဲ့ လီဗာပူး fan ကျော်ကျော်ဗိုလ် က တော့ ပရိသတ်တွေအတွက် ဟာသဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ ကျော်ကျော်ဗိုလ် လီဗာပူးအသင်း အနိုင်ရရှိသွားတဲ့ အတွက် အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

Photo & Video Credit - Kyaw Kyaw Bo fb page

Source - Kyaw Kyaw Bo 's fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။