Photo credit - FlyToMoon Twitter

FlyToMoon dota 2 team ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်ကပဲ သူတို့ရဲ့ roster update ကိုကြေညာခဲ့ပါတယ်။

FlyToMoon ကြေညာခဲ့တာကတော့ "ငါတို့ဒီနေ့ အတိအလင်းကြေညာစရာတစ်ခုရှိပါတယ်။ Rodjer ဟာ ငါတို့အသင်းရဲ့ တရားဝင် player တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ ကြိုဆိုပါတယ် Rodjer " ဆိုတာပဲ ဖြစ်ပါတယ်။

FlyToMoon ဟာ Rodjer ကို ​ပြီးခဲ့တဲ့ OMEGA League တုန်းက stand-in player အနေနဲ့ ခေါ်ယူယှဥ်ပြိုင်ခဲ့ပြီး immortal division က ဆင်းပေးခဲ့ရပေမယ့် divine division မှာတော့ champion ဖြစ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ FlyToMoon ဟာ free agent ဖြစ်နေတဲ့ Rodjer ကို အသင်းရဲ့ တရားဝင် player အဖြစ်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် FlyToMoon ရဲ့ လက်ရှိ roster အပြည့်အစုံကတော့

Po 1- V-Tune

Po 2- Iceberg

Po 3- General

Po 4- Rodjer

Po 5- ALWAYSWANNAFLY

တို့ပဲ ဖြစ်ပါတယ်။

Rodjer လို po 4 player ကောင်းတစ်ယောက်ကို ရရှိခဲ့တဲ့ FlyToMoon အတွက်တော့ ဝမ်းသာစရာပါပဲ။

Source - FlyToMoon twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။