ပရိသတ်ကြီးရေ ဂီတကြယ်ပွင့်လေး ဖြစ်တဲ့ အဆိုတော်မလေး အေးမြဖြူကတော့အနုပညာလောကမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမဟာ ငယ်စဥ်ကတည်းက အဆိုပြိုင်ပွဲတွေကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကာ ဂီတကို ရူးသွပ်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အေးမြဖြူ ဟာ နာမည်ကြီး အဆိုပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Myanmar Idol မှာဝင်ရောက်ယှဥ်ပြိုင်ရင်း ပိုပြီး လူသိများလာကာ ချစ်ခင်မှုတွေကိုလည်း အပြည့်အဝရရှိခဲ့ပါတယ်။

Photo Credit - Aye Mya Phyu fb page
Photo Credit - Aye Mya Phyu fb page

လက်ရှိမှာလည်း အေးမြဖြူ ဟာ အဆိုတော်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေပြီး တေးသီချင်းကောင်းတွေကိုလည်း ဖန်တီးနေတာကို တွေ့ရပါတယ်။ အေးမြဖြူ က စတင်ဘာလ ၁၉ ရက်နေ့က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်သွားတဲ့အဖိုးဖြစ်သူအားရည်စူးပြီး ကောင်းမှုကုသိုလ်လေးကို ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် Covid 19 တိုက်ဖျက်ရေးအတွက်လည်း အလှူငွေများကို လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Aye Mya Phyu fb page
Photo Credit - Aye Mya Phyu fb page

ဒီအလှူလေးနဲ့ ပတ်သက်ပြီး အေးမြဖြူက "ဖိုးဖိုးကြီးဦးမြင့်သိန်း(၈၃ နှစ်)အားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ ရက်လည်ကုသိုလ်အဖြစ်Covid 19 ရောဂါကာကွယ်ရေးအတွက် (၁၁)သိန်းကျပ်၊ သင်္ကန်းကျွန်းစံပြဆေးရုံသို့ ဆေးရုံသုံးကုတင်နှင့်အလှူငွေ(၂)သိန်းကျပ်၊မတ္တရာဆရာတော်မှတဆင့် လိုအပ်သည့် နေရာများကို လှူဒါန်းနိုင်ရန် ( ၃ )သိန်းကျပ်လှူဒါန်းပြီး ကုသိုလ်ကောင်းမှုများပြုလုပ်ခဲ့ပါတယ် ....တရားနာဖိတ်ကြားကာရေစက်သွန်းချ၍ဖိုးဖိုးကြီးဦးမြင့်သိန်းအား အမျှပေးဝေကြပါတယ်ဖိုးဖိုးကြီးမြင် ကြား သိ၍ သာဓုခေါ်ဆိုနိုင်ပါစေ" ဆိုပြီး အဖိုးဖြစ်သူအတွက် ဆုတောင်မေတ္တာပို့သထားပါတယ်။

Photo Credit - Aye Mya Phyu fb page

Source - Aye Mya Phyu fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။