သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ထူးခြားကတော့ ယခုကာလလေးမှာ မောင်နှမလိုခင်မင်ရတဲ့ ပွင့်နဒီမောင်နဲ့အတူ ဝက်နံရိုးမီးတောက်လေးကို အွန်လိုင်းပေါ်ကနေ ရောင်းချနေတာဖြစ်ပါတယ်။ထူးခြားနဲ့ပွင့်နဒီမောင်တို့ရဲ့ လက်ရာလေးကို ပရိသတ်တွေကကြိုက်နှစ်သက်ကြလို့ မှာယူစားသောက်ကြပါတယ်နော်။ထူးခြားတို့အနုပညာမောင်နှမနှစ်ယောက်က အရမ်းခင်မင်ရင်းနှီးကြပြီး အမြဲတွေ့ဆုံနေကြတာဖြစ်ပါတယ်။

Photo Credit:Htoo Charr's Facebook Account
Photo Credit:Htoo Charr's Facebook Account

ထူးခြားရဲ့ချစ်ဇနီးလေးကလည်း လက်ရှိမှာ ကိုယ်ဝန်လွယ်ထားရတာဖြစ်လို့ မကြာခင်မှာ မွေးဖွားတော့မှာဖြစ်ပါတယ်။ထူးခြားကတော့ ချစ်ဇနီးလေးကိုလည်း အရမ်းဂရုစိုက်ပြီး စိတ်ချမ်းသာအောင်ထားပေးတဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ထူးခြားတို့စုံတွဲနဲ့ ပွင့်နဒီမောင်တို့စုံတွဲက အရမ်းအတွဲညီပြီး မကြာခဏတွေ့ဆုံကာ ပျော်ပျော်ပါးပါးနေထိုင်နေကြတာပဲဖြစ်ပါတယ်။

Photo Credit:Htoo Charr's Facebook Account
Photo Credit:Htoo Charr's Facebook Account

ထူးခြားတို့က အပြန်အလှန်စနောက်တတ်ကြပြီး ပျော်ပျော်နေတတ်ကြလို့ သူတို့ရဲ့အခွီဗီဒီယိုဖိုင်တွေကို ပရိသတ်တွေလည်း ကြည့်ရှု့နေရမှာဖြစ်ပါတယ်။အခုဆိုရင်လည်း ထူးခြားရဲ့ချစ်ဇနီးလေးက အိပ်နေရင်း အရမ်းဟောက်နေတဲ့ ခင်ပွန်းကို ဗီဒီယိုခိုးရိုက်ထားပြီး ဆေးအကြီးကြီးထိုးလိုက်တာဖြစ်ပါတယ်။ချစ်ခင်ပွန်းအိပ်နေတာကိုကြည့်ပြီး အရမ်းသဘောကျနေတဲ့ ထူးခြားရဲ့ချစ်ဇနီးလေးရဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Htoo Charr's Facebook Account
Photo Credit:Htoo Charr's Facebook Account

Photo Credit:Htoo Charr's Facebook Account

Source& Video Credit:Htoo Charr's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။