ချစ်ရတဲ့ ပရိသတ်ကြီးရေ...နိုင်ငံကျော်အဆိုတော် ရွှေထူးရဲ့ သီချင်းတွေကတော့ လူငယ်ပရိသတ်တွေကြား ရေပန်းစားလူကြိုက်များနေတာပဲ ဖြစ်ပါတယ်။ သူ ထွက်ရှိသမျှ သီချင်းတိုင်းကလည်း ခံစားချက်နဲ့တိုက်ဆိုင်တဲ့ စာသားတွေဖြစ်ပြီး ကိုယ်ပိုင်ရေးသားသီဆိုထားတာဖြစ်လို့ အောင်မြင်မှုများစွာရရှိထားတာကိုလည်း တွေ့ရပါတယ်။ သာယာချိုမြတဲ့ အသံပါဝါနဲ့ စင်မြင့်ထက်မှာ အားပါးတရသီဆိုဖျော်ဖြေတတ်တဲ့ ရွှေထူးက မိန်းကလေးပရိသတ်တွေ အသည်းစွဲချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo credit - Shwe Htoo's FB page
Photo credit - Shwe Htoo's FB page

မင်းသမီးချောလေး ရွှေမှုံနဲ့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို အတူတကွလုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ် ။ နှစ်ယောက်သား ပေါင်းစပ်သီဆိုထားတဲ့ အချစ်သီချင်းလေးတွေကလည်း ပရိသတ်တွေကို အကြိုက်တွေ့စေခဲ့ပြီး အချစ်ပိုစေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရွှေထူးက Stay home ကာလ​ဖြစ်တာကြောင့် အနုပညာလှုပ်ရှားမှုလေးတွေကို ဖြည်းဖြည်းနဲ့မှန်မှန်သာ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Photo credit - Shwe Htoo's FB page

အိမ်မှာနေရင်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် အားလပ်တဲ့အချိန်လေးတွေမှာ liveလွှင့်စကားပြောလေ့ရှိတာဖြစ်ပါတယ်။ ယနေ့မှာလည်း ရွှေထူးက liveလွှင့်ကာ ပရိသတ်တွေကို Stay Home ကာလမှာ ကျန်းကျန်းမာမာနဲ့ နေထိုင်ဖို့အတွက် ပြောနေခဲ့တာဖြစ်ပြီး ကပ်ရောဂါတွေပြီးဆုံးရင် သီချင်းအသစ်တွေထွက်ရှိဖို့ ကြိုးစားနေတာကို ​ပြောပြလာတာဖြစ်လို့ ချစ်ပရိသတ်တွေ အဆိုပါ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Shwe Htoo's FB page

Photo credit - Shwe Htoo's FB page

Source & Video credit - Shwe Htoo's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။