ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ထိပ်တန်းမင်းသမီးလေး တစ်လက်အဖြစ် ရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် မင်းသမီး အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမဟာ ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိအောင် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့ နိုင်ငံကျော် မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ အူဝဲဟာ အကယ်ဒမီထူးချွန်ဆုတွေလည်း ရရှိပိုင်ဆိုင်ထားပြီး အားလုံးကလည်း သူမရဲ့ အေးချမ်းလွန်းတဲ့ ပုံစံလေးကို ချစ်မဝ ဖြစ်နေကြတာပါ။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

လတ်တလောမှာတော့ အူဝဲတစ်ယောက် အနုပညာလှုပ်ရှားမှုတွေမရှိဘဲ မိသားစုကိုသာ အချိန်ပေးဖြစ်နေတာလည်း ဖြစ်ပါတယ်။ မိသားစုနဲ့ အတူ ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေ ဖန်တီးနေတာကိုလည်း Vlog လေးတွေ ရိုက်ကူးကာ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page
Photo Crd- Eaindra Kyaw Zin’s Facebook Page

ဒါကတော့  မနှစ်က အီတလီနိုင်ငံရဲ့လမ်းမထက်မှာလူငယ်လေးတစ်ယောက်လိုပေါ့ပါးလွတ်လပ်စွာလည်ပတ်နေတဲ့ ဗီဒီယိုလေးကို  ပြန်လည်ဝေမျှပေးလိုက်တာပဲ   ဖြစ်ပါတယ်။ သူမကလည်း " ခရီးသွားတဲ့ memoလေးတွေပြန်တက်လာလို့ မနှစ်ကအီတလီမှာ The Bridge အိတ်တွေသွားရွေးတုန်းက ရိုက်ခဲ့တဲ့ videoမှတ်တမ်းလေး ချစ်ပရိသတ်အတွက်ပြန်တင်ပေးလိုက်တယ်နော်...

အဲ့တုန်းက အရမ်းစည်ကားခဲ့တဲ့ Milan မြို့က Duomo နေရာကြီးလဲ ကိုဗစ်ကာလမှာခြောက်ကပ်လို့..

အခုတော့ အရာရာတိုင်းဟာ ခြောက်သွေ့အက်ကွဲလို့..

ဘယ်တော့များမှ ............." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Eaindra Kyaw Zin’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။