အဆိုတော် ဟဲလေးကတော့ သီချင်းမြူးမြူးလေးတွေကို ဖန်တီးတဲ့နေရာမှာ အရည်အချင်းရှိပြီး အင်မတန်ထူးချွန်သူ ဖြစ်ပါတယ် ။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေဖြစ်စေမယ့် သီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ဟဲလေးက လူငယ်ပရိသတ်တွေရဲ့အားပေးမှုကို ပိုမိုရရှိနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဟဲလေးရဲ့သီချင်းလေးတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျပြီး ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-"He' Lay -ဟဲလေး" FB Page
Photo Credit-Naing Lin Aung's FB Acc
Photo Credit-Naing Lin Aung's FB Acc

ဟဲလေးကတော့ ချောမောလှပတဲ့ချစ်ဇနီးလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားချောလေးနှစ်ယောက်ကိုပါ ပိုင်ဆိုင်ထားရတာ ဖြစ်ပါတယ် ။ သာယာအေးချမ်းတဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်ထားတဲ့ ဟဲလေးကတော့ အရမ်းကို ပျော်ရွှင်နေရတာလည်း ဖြစ်ပါတယ်။ အခုလည်း ဟဲလေးက လိမ္မာရေးခြားရှိတဲ့ သူ့ရဲ့သားလေးကိုကြည့်ပြီး သဘောတွေကျနေရတာပဲ ဖြစ်ပါတယ် ။

Photo Credit-Naing Lin Aung's FB Acc
Photo Credit-Naing Lin Aung's FB Acc
Photo Credit-Naing Lin Aung's FB Acc

ဖေဖေဟဲလေးက "ဘုရား​သောက်​တော်​ရေလဲ ဆီမီးပူ​​ဇော် အဘွားကိုကပ်ချွဲ​နေ​သော သားသားဟဲ" ဆိုပြီး သားချောလေးရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာတင်ထားတာ ဖြစ်ပါတယ် ။ ဟဲလေးရဲ့သားလေးကတော့ ဘုရားတရားကိုင်းရှိုင်းပြီး လူကြီးမိဘအပေါ်မှာ သိတတ်တဲ့ သားလိမ္မာလေးပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဟဲလေးတို့သားအဖရဲ့ပုံရိပ်တွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Naing Lin Aung's FB Acc

Photo Credit-Naing Lin Aung's FB Acc
Photo Credit-"He' Lay -ဟဲလေး" FB Page
Photo Credit-Naing Lin Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။