ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရဲလေးမကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေက အားပေးနေရတာဖြစ်ပါတယ်။ရဲလေးမက သူ့ရဲ့အနုပညာကြေးလေးတွေနဲ့ မိသားစုကိုထောက်ပံ့ပေးနေတာဖြစ်ပြီး မုန့်ဟင်းခါးကိုလည်း တစ်ဖက်တစ်လမ်းကနေ ရောင်းချပါတယ်နော်။ရဲလေးမရဲ့ မုန့်ဟင်းခါးကို အနုပညာရှင်တွေကလည်း အားပေးကြပြီး ပရိသတ်တွေကပါ ဝယ်စားကြတာဖြစ်ပါတယ်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

ရဲလေးမက လတ်တလောမှာဆိုရင်တော့ အွန်လိုင်းပေါ်မှာ ပစ္စည်းလေးတွေကို ရောင်းချနေတာဖြစ်ပါတယ်။ရဲလေးမကတော့ မိန်းကလေးပုံစံပြင်ထားရင် အရမ်းချစ်ဖို့ကောင်းပြီး တကယ့်မိန်းကလေးအစစ်လို့တောင် ထင်မှတ်ရပါတယ်နော်။ရဲလေးမက အလုပ်ကိုလည်းကြိုးစားလုပ်ကိုင်နေပြီး ရရှိလာတဲ့ဝင်ငွေလေးတွေကိုလည်း တတ်နိုင်သလောက် ပြန်လည်လှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

အခုဆိုရင်လည်း ရဲလေးမက"ခုကာလမှာကိုယ်တွေတောင်အရမ်းကြပ်တည်းနေတာပါဒါပေမယ့်ဒီလိုသက်ကြီးအမေကြီးတွေဘာမှမလုပ်နိုင်တဲ့ဘဝတွေကိုတွေ့ရင်စာနာစိတ်နဲ့အမြဲလှူတယ်အမေကြီးတစ်ယောက်ကိုငါးထောင်လှူတယ် ရဲလေးမအလှူဟာခုနှစ်ရက်သားသမီးပိုက်ဆံနဲ့လှူတာပါနော်အားလုံးသာဓုခေါ်ပေးပါနော်"ဆိုပြီး လမ်းသွားရင်း တွေ့တဲ့ အမေကြီးနှစ်ယောက်ကို နိုင်သလောက်လေးကုသိုလ်ပြုခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ရဲလေးမရဲ့အလှူပုံရိပ်လေးတွေကို ကြည့်ပြီး သာဓုခေါ်လိုက်ရအောင်နော်။

Photo Credit:Ye Lay Ma's Facebook Account
Photo Credit:Ye Lay Ma's Facebook Account

Source&Photo Credit:Ye Lay Ma's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။