အသံကောင်းရုံသာမကဘဲ သရုပ်ဆောင်ဘက်မှာလည်း ပိုင်နိုင်လွန်းသူကတော့ အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဝါသနာပါလွန်းသူတစ်ယောက်ဖြစ်တာကြောင့် ဆယ်စုနှစ်ကျော်တိုင်သည်အထိ ကြိုးစားလုပ်ကိုင်နေဆဲပါပဲနော်။ ဒီးဒီရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ယနေ့ချိန်ထိ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိနေဆဲ ဖြစ်ပါတယ်။

Photo Crd- Sandi Myint Lwin’s Facebook Page
Photo Crd- Sandi Myint Lwin’s Facebook Page
Photo Crd- Sandi Myint Lwin’s Facebook Page

ဒီးဒီဟာ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီးဒီကိုသာမကဘဲ သူမရဲ့ သမီးလေးကိုပါ ချစ်မဝ ဖြစ်နေကြတာလည်း ဖြစ်ပါတယ်။ တစ်မိသားစုလုံးရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းကြုံးရယူထားတဲ့ Treasure လေးဟာလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုအသည်းယားစရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။

Photo Crd- Sandi Myint Lwin’s Facebook Page
Photo Crd- Sandi Myint Lwin’s Facebook Page
Photo Crd- Sandi Myint Lwin’s Facebook Page

သမီးလေးရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ဝေမျှပေးလေ့ ရှိရာ အခုတစ်ခါမှာလည်း ဒီးဒီရဲ့ Instagram Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အိပ်ချင်မူးတူးနဲ့အိမ်ရှေ့မှာပြိုင်ကားပတ်မောင်းနေတဲ့ Treasure ရဲ့Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Sandi Myint Lwin’s Facebook Page and Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။