ပရိသတ်ကြီးရေ အဆိုတော်နီတာက ဂီတလောကမှာ အောင်မြင်မှုတွေ ရယူသိမ်းပိုက်ထားပြီး အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။ နီတာရဲ့ သီချင်းတွေကလည်း လူငယ်တွေကြားမှာ ရေပန်းစားကြိုက်နှစ်သက်ခဲ့ရတဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။

Photo Credit - Ni Tar Vocalist's Facebook Page
Photo Credit - Ni Tar Vocalist's Facebook Page

နီတာဟာ မြန်မာနိုင်ငံမှာ Covid-19 ရောဂါ First Wave တုန်းက ရောဂါကူးစက် ခံထားခဲ့ရပြီး ဝေဘာဂီ ဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ယင်းနောက် ကျန်းမာရေး ဝန်ထမ်းများရဲ့ စိတ်စေတနာအပြည့်နဲ့ ကုသပေးမှုကြောင့် ရောဂါပျောက်ကင်းခဲ့ပါတယ်။ ဒါ့အပြင် နီတာဟာ Covid 19 ရောဂါခံစားသူတွေအတွက် ကုသပေးဖို့ သူ့ရဲ့ သွေးရည်ကြည် လှူဒါန်းပေးခဲ့ပါတယ်။

Photo Credit - Ni Tar Vocalist's Facebook Page
Photo Credit - Ni Tar Vocalist's Facebook Page

ယခုမှာလည်း နီတာ က ပရိသတ်တွေ ကြည်နူးပီတိ ဖြစ်လောက်မယ့် အလှူပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီအလှူလေးကတော့ နီတာဟာ ဒုတိအကြိမ်အဖြစ် Covid 19 ရောဂါခံစားနေရတဲ့ သူတွေအတွက် သွေးရည်ကြည်များကို ထပ်မံလှူဒါန်းပေးခဲ့တဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း နိုင်ငံနဲ့ လူမျိုးအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီပါဝင်ခဲ့တဲ့ အဆိုတော် နီတာကို ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါဦးနော်...။

Photo Credit - Ni Tar Vocalist's Facebook Page

Source - Ni Tar Vocalist's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။