မော်ဒယ်မင်းသမီးချောလေး မိုးစက်ဝိုင်ဆို ပရိသတ်ကြီး ချစ်ကြမယ်ထင်ပါတယ်။သူမဟာ ဂျပန်မလေးလားထင်မှားရလောက်အောင် ချစ်စရာကောင်းသူလေးဖြစ်တာကြောင့် ပရိသတ်တွေ အသဲစွဲနေရသူလေးလည်းဖြစ်ပါတယ်။သူမဟာဖက်ရှင်လန်းလန်းတွေ ဝတ်ဆင်ကာ အမြဲကျော့ရှင်းလှပတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူလေးဖြစ်ပြီး မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းတွေနဲ့ ပြည့်စုံလှပနေသူလေးဖြစ်တာကြောင့် မိန်းကလေးပရိသတ်အများစု အားကျချစ်ခင်နေရသူလည်းဖြစ်ပါတယ်။

Photo Credit : Moe Set Wine Facebook Page
Photo Credit : Moe Set Wine Facebook Page

သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုတော့ အမြဲဖော်ပြလေ့ရှိရာ လတ်တလောမှာလည်း ချင်းပြည်နယ်ရှိ အထက်တန်းစာသင်ကျောင်းကို သောက်သုံးရေနဲ့ လျှပ်စစ်မီးသွားရောက်လှူဒါန်းခဲ့စဉ်က အမှတ်တရပုံလေးတွေနဲ့အတူ "ချစ်တဲ့ ချင်းတောင်တန်း ချစ်တဲ့ တောင်ဇလပ်ပန်း တို့ မြေ မိုးစက်ရဲ့ Myanmar’s heart Charity Group နဲ့ Swelect Myanmar Energy System တို့ ပူးပေါင်းပြီး ချင်းပြည်နယ် တွန်းဇံမြို ့ရဲ့ အထက်တန်းစာသင်ကျောင်းကို သောက်သုံးရေအရင်းအမြစ်ရရှိရေး နှင့် လျှပ်စစ်မီး အရင်းအမြစ်လှူဒါန်း တုန်းက ​ရောက်ရှိခဲ့တဲ့ ချင်းပြည်နယ် "ဆိုတဲ့စာလေးကိုဖော်ပြထားတာတွေ့ ပါတယ် ။

Photo Credit : Moe Set Wine Facebook Page
Photo Credit : Moe Set Wine Facebook Page

ပုံလေးတွေကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာမို့ ပရိသတ်ကြီး ကြည့်ရှုနိုင်စေရန်ဖော်ပြပေးလိုက်ပါတယ်။အနုပညာအလုပ်တွေနည်းပါးနေပေမယ့်လည်း သူမလတ်တလောလူပ်ရှားမှုများကို သူမရဲ့ဖေ့ဘွတ် စာမျက်နှာပေါ်တွင်ပရိသတ်များတွက် မကြာခဏဆိုသလို ဖော်ပြပေးလေ့ရှိကြောင်းတွေ့ရပါတယ်။

Photo Credit : Moe Set Wine Facebook Page
Photo Credit : Moe Set Wine Facebook Page

Source & Photo Credit : Moe Set Wine Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။