အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ကတော့ အဆိုပိုင်းလည်းတော်သလို သရုပ်ဆောင်ပိုင်းလည်းကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်က တစ်ခေတ်တစ်ခါကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့တာကြောင့် သူမရဲ့အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်ကျော်နေပြီဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကို အားပေးကြတဲ့ ပရိသတ်တွေကလည် အများအပြားရှိလို့ သူမကတော့ ယနေ့ချိန်ထိတိုင် အနုပညာလောကမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ထွန်းအိန္ဒြာ‌ဗိုလ်မှာ ဆယ်ကျော်သက်အရွယ် သားလေးတစ်ယောက်လည်းရှိပြီး ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကလည်း အိမ်ရှင်မကောင်းတစ်ယောက်ပီသစွာနဲ့ မိသားစုကို လိုလေသေးမရှိအောင် ဂရုစိုက်ပေးပါတယ်နော်။သူမတို့မိသားစုသုံးယောက်ကတော့ အတူတူသွားလာကြပြီး အမြဲတမ်းမခွဲဘဲ အတူရှိကြတာဖြစ်ပါတယ်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

ယခုStay Homeကာလမှာတော့ ထွန်းအိန္ဒြာဗိုလ်တို့မိသားစုလည်း အပြင်မထွက်တော့ဘဲ အိမ်ထဲမှာ အေးအေးချမ်းချမ်းနေထိုင်နေတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့"သွားမယ် စားမယ် တွေ့မယ် ပျော်မယ် ဆိုတာတွေ နားလိုက်တော့ ...မေတ္တာပို့ တရားမှတ် နေတယ်လေ ..."ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်တို့မိသားစုလေးက အမြဲပျော်ပျော်နေတတ်ကြလို့ သူမတို့ရဲ့အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account
Photo Credit:Mi Mi Khine's Facebook Account

Source&Photo Credit:Mi Mi Khine's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။