ဝါရင့်မင်းသားချောကြီးဖြစ်တဲ့ ရန်အောင်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့ ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ဖြစ် ရပ်တည်ထားနိုင်ခဲ့တဲ့ ရန်အောင်ကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အကောင်းဆုံးသရုပ်ဆောင်လျက်ရှိနေပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ 

photo credit : Yan Aung ' s facebook acc
photo credit : Yan Aung ' s facebook acc

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ရန်အောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ ရန်အောင်ကတော့ ချစ်စရာ​ကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလေ့ရှိပါတယ်။ယနေ့အချိန်ထိ ခန့်ချောကြီးချောနေဆဲဖြစ်တဲ့ သူကတော့ ချစ်ရတဲ့ မေမေနဲ့အတူ အေးချမ်းတဲ့ အချိန်တွေကို ဖြတ်သန်းလျက်ရှိနေခဲ့ပါတယ်။ 

photo credit : Yan Aung ' s facebook acc
photo credit : Yan Aung ' s facebook acc

ရန်အောင်ကတော့ ယခုမှာ ခန့်ချောကြီးတွေချောနေကြပြီး နုပျိုလှပနေတဲ့ ဖေဖေနဲ့ မေမေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ထုတ်ပြလိုက်ပါတယ်။ ရန်အောင်ကတော့ " မိဘရဲ့ အပြုံးက ၃၁ဘုံမှာ အလှဆုံး " ဆိုပြီး မိဘနှစ်ပါးရဲ့ ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက်  ရန်အောင်တို့ မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Yan Aung ' s facebook acc 

photo credit : Yan Aung ' s facebook acc
photo credit : Yan Aung ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။