ပရိသတ်ကြီးရေ တက်သစ်စမင်းသမီးချောလေး မြတ်သူသူ ကတော့ အောင်မြင်မှုတွေနဲ့ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ သူမဟာ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်သရုပ်ဆောင်နိုင်ပြီး ချစ်စရာအမူအရာလေးတွေကြောင့် ပရိသတ်တွေ ရဲ့ အချစ်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ကြာတွေအပြင် ရုပ်သံဇာတ်လမ်းအသစ်တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရ တာဖြစ်ပါတယ်။
မြတ်သူသူ ဟာ အနုပညာနယ်ပယ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူလေးပါ။ ဒါ့အပြင် လတ်တလော MRTV - 4 မှာထုတ်လွှင့်ပြသနေတဲ့ " တို့မမနဲ့.....တို့ " ရုပ်သံဇာတ်လမ်းတွဲလေးထဲမှာလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင် ထားပါသေးတယ်။ ယခုမှာတော့ မင်းသမီးချောလေး မြတ်သူသူ က ပရိသတ်တွေ ချစ်အားပိုလောက်မယ့်ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေထဲမှာတော့ မြတ်သူသူ က ပန်းနုရောင်သန်းနေတဲ့ မျက်နှာလေးနဲ့ မြင်သူတိုင်း အသည်းယားစရာကောင်းအောင် ဖမ်းစားထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မြတ်သူသူ က " ဒီအချိန်ရောက်တိုင်း လွမ်းတတ်နေပြီ မင်းရော ကိုယ့်လိုပဲလား" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေနဲ့ဓာတ်ဖမ်းထားတဲ့ မြတ်သူသူ ရဲ့ ပုံလေးတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။
Photo Credit - Myat Thu Thu Fb page
Source - Myat Thu Thu Fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။