မင်းသမီးချောလေးမိုးယုစံကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီးချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်မိသားစုလေးပဲဖြစ်ပါတယ်။

Photo Credit : Moe Yu San ' s Facebook Acc
Photo Credit : Moe Yu San ' s Facebook Acc

သူမကတော့ ကိုဗစ်ကြောင့် အပြင်မထွက်ရပေမယ့် မိသားစုဝင်တွေနဲ့ အချိန်ပြည့်အတူရှိနေရတာမို့ ပျော်ရွှင်နေပါတယ်။သူမတော့ ယခုမှာ " ကလေးတွေလည်းသနားဖို့ကောင်းပါတယ် ခုချိန် ကျောင်းတတ် ခြံထဲကစား ကစားကွင်းမှာ သူငယ်ချင်းတွေနဲ့ဆော့ ရမှာ ခုတော့ အိမ်ထဲကအိမ်ပြင် မထွက်ရတာတင်မဟုတ် အခန်းထဲက အခန်းပြင်ကိုမထွက်ပဲ အခန်းထဲမှာပဲ စိတ်ချရအောင် တစ်အိမ်လုံးကိုယ်အခန်းထဲပဲနေနေကြတာ " ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit : Moe Yu San ' s Facebook Acc
Photo Credit : Moe Yu San ' s Facebook Acc

သူမကတော့ " အခန်းကျယ်လို့ပေါ့ သားသားတာဝန်အကုန် မာမီပဲလုပ်ရတော့ အရင်လိုသိပ်မနားရဘူး ကောင်းတာက မာမီလည်း exercise ဖြစ် သားသားလေးလည်းမာမီလေးနဲ့ ဒယ်ဒီတို့နဲ့ အချိန်ပြည့်တူတူနေရတာပေါ့ "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးမိုးယုစံတို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။ 

Source : Moe Yu San ' s Facebook Acc 

Photo Credit : Moe Yu San ' s Facebook Acc
Photo Credit : Moe Yu San ' s Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။