ပရိသတ်အချစ်တော်မလေးဖြစ်တဲ့ Rapအဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး ယနေ့တိုင်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခပ်မိုက်မိုက်တေးသီချင်းလေးတွေ၊ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.....။

Photo credit - Sandi Myint Lwin's FB account
Photo credit - Sandi Myint Lwin's FB account

စန္ဒီမြင့်လွင်က အေးချမ်းပျော်ရွှင်ပြီး အမြဲ ကြည်နှုးစရာတွေနဲ့ ပြည့်နေတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့လို့ ပရိသတ်တွေကလည်း အားကျနေကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင်က သူမနဲ့တူတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သမီးလေးကလည်း ဝဝကစ်ကစ်လေးနဲ့ပါးဖောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က မကြာခဏဆိုသလို သူမရဲ့ သမီးလေး Treasureရဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်....။

Photo credit - Sandi Myint Lwin's FB account
Photo credit - Sandi Myint Lwin's FB account

ခင်ပွန်းဖြစ်သူရဲ့ ဂရုစိုက် အလိုလိုက်မှုတွေကြောင့်လည်း တစ်နေ့တခြားပိုပိုလှလာတဲ့ သူမကို မိန်းကလေးပရိသတ်တွေက အားကျအချစ်ပိုနေတာလည်း ​​ဖြစ်ပါတယ်။ ယနေ့မှာတော့ စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူနဲ့အတူ လေ့ကျင့်ခန်းတွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ဗီဒီယို ဖိုင်လေးကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပါ။ ကဲ....ချစ်ရတဲ့ ပရိသတ်တွေလည်း စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Sandi Myint Lwin's FB account
Photo credit - Sandi Myint Lwin's FB account

Photo credit - Sandi Myint Lwin's FB account

Source & Video credit - Sandi Myint Lwin's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။