မင်းသမီးချောလေး ဇူးဇူးမောင်ကိုတော့ ပရိသတ်တွေက အခုချိန်အထိတိုင်အောင် သတိတရနဲ့ အားပေးနေကြဦးမယ် ထင်ပါတယ်နော်။ သရုပ်ဆောင်မင်းသမီးကြီး မေသန်းနုရဲ့တူမချောလေးဖြစ်တဲ့ ဇူးဇူးမောင်က အချိန်အတော်ကြာအောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူလေး ဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိမှာတော့ ဇူးဇူးမောင်က အနုပညာအလုပ်တွေကိုရပ်နားထားပြီး ကိုယ်ပိုင်မိသားစုဘဝလေးမှာသာ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc
Photo Credit-Ngu Wah Wah's FB Acc

ဇူးဇူးမောင်က ချစ်ရတဲ့ခင်ပွန်း၊သမီးလေးတွေနဲ့အတူ နိုင်ငံခြားမှာပဲ အခြေချနေထိုင်နေတာဖြစ်ပြီး တစ်ခါတလေမှာတော့ မြန်မာနိုင်ငံကို ပြန်လာလေ့ရှိတာ ဖြစ်ပါတယ်။ ဇူးဇူးမောင်က သူမနဲ့ သမီးလေးတွေရဲ့လှုပ်ရှားမှုတွေကိုတော့ လူမှုကွန်ယက်စာမျက်နှာထက်မှာ အမြဲမျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ် ။ အခုလည်း ဇူးဇူးမောင်က ချစ်စရာကောင်းတဲ့သမီးချောလေးနှစ်ယောက်နဲ့အတူ Tik Tok ကစားပြထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Nguchang's Tik Tok Acc
Photo Credit-Nguchang's Tik Tok Acc
Photo Credit-Ngu Wah Wah's FB Acc

ဇူးဇူးမောင်က ဘိုမရုပ်လေးတွေလို့တောင် ထင်မှတ်ရတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားရတာလည်း ဖြစ်ပါတယ် ။ ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးကနေတဲ့ ဇူးဇူးမောင်ကတော့ ကလေးနှစ်ယောက်အမေဖြစ်သွားတာတောင် အရွယ်တင်ပြီး နုဖတ်လှပနေဆဲ ဖြစ်ပါတယ် ။ ကဲ မင်းသမီးချောလေး ဇူးဇူးမောင်နဲ့သမီးလေးတွေရဲ့ချစ်စရာ Tik Tok Video လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Nguchang's Tik Tok Acc 

@nguchang

Lento - Daniel Santacruz
@nguchang

Lento - Daniel Santacruz
@nguchang

Lento - Daniel Santacruz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။