မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသလေးတွေလည်း မကြာခဏပြောတတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဟာသvideoလေးများကိုလည်း မကြာခဏရိုက်တင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်။ သုသုဟာ မိတ်ကပ်လောကမှာသာမက အနုပညာလုပ်ငန်းဘက်ကိုလည်း ခြေလှမ်းသစ်လှမ်းနေပြီဖြစ်ပါတယ်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook page
Photo credit-Nyi Nyi Mg-Sanchaung's Facebook page

သုသုဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်အားပေးလက်ခံမှု ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးနေတတ်တဲ့သူလေးဖြစ်ပြီးတော့ သူမရဲ့အခွီပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေကသူမကို ပိုပြီးအချစ်တွေပိုနေရတာဖြစ်ပါတယ်နော်။ အခုလက်ရှိကာလဟာဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် အနုပညာရှင်တွေလည်း အိမ်မှာပဲအနားယူနေကြတာဖြစ်ပါတယ်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook page
Photo credit-Nyi Nyi Mg-Sanchaung's Facebook page

သုသုတစ်ယောက်လည်း stay homeနေရင်း သူမကျွမ်းကျင်တဲ့ ဟင်းချက်စကေးတွေကိုပြသရင်း ချဉ်ပေါင်ကြော်နေတဲ့ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ သုသုဟာ ဒီဗီဒီယိုလေးကို "ဘိုင်းကောင်းကျောက်ပိလေးပါနော် ဘိုဆန်သော ပန်းတနော် ချဉ်ပေါင်ကြော်" ဆိုတဲ့ captionလေးနဲ့ တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nyi Nyi Mg-Sanchaung's Facebook page
Photo credit-Nyi Nyi Mg-Sanchaung's Facebook page

Source& video Credit-Nyi Nyi Mg-Sanchaung's Facebook page

Photo credit-Nyi Nyi Mg-Sanchaung's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။