ပရိသတ်ကြီးရေ.. ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အသည်းကျော် အဆိုတော်မလေး ပိုပိုကတော့ ချစ်စရာကောင်းသလို ပွင့်လင်းသူလေးပါပဲနော်..။

ယောကျ်ားလေး မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်နေကြတဲ့ ပိုပိုကတော့ အလှူအတန်းတွေကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး သဒ္ဓါတရားထက်သန်တဲ့ သူမရဲ့စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်တွေက အချသ်ပိုနေကြတာပါ..။

Photo Credit - ပိုပို's Fb Account
Photo Credit - ပိုပို's Fb Account

ချစ်စရာကောင်းလွန်းတဲ့ ပိုပိုကတော့ အခုတစ်ခါမှာလည်း အများသူငါ Challenge တွေ ကိုယ်စီလုပ်နေတဲ့အချိန်မှာလည်း အများနဲ့မတူတဲ့ Challenge လေး ပြုလုပ်လိုက်ပါတယ်နော်..။

အခြားလူတွေလို မဟုတ်ဘဲ ပြည်သူပရိသတ်တွေ အကျိုးရှိစေမယ့် Challenge လေး လုပ်လိုက်တာဖြစ်ပြီး ကောင်းမှုကုသိုလ်လေးတွေ အတူပြုလုပ်ဖို့ ဖိတ်ခေါ်လိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - ပိုပို's Fb Account
Photo Credit - ပိုပို's Fb Account

"ပိုရဲ့ ချစ်ဆုံးလေးတွေကို Challenge လေးတစ်ခုလုပ်မယ်

1.ဘုရား သောက်တော်ရေ ကပ်

2.ငါးပါးသီလ ဆောက်တည်

3.ရတနသုတ် ရွတ်ဖတ်ပါ

4. ပဋ္ဌာန်းရွတ်ပါ

5.မေတ္တာပို့ပါ ကိုယ်ဘေးက လူကနေ၃၁ ဘုံလုံးကိုမေတ္တာပို့ပါ

6. ဂုဏ်တော်ပွားပါ

7. တရား ၁၅ မိနစ် ထိုင်ပါ

အားလုံးပြီးရင် အမျှဝေ ဆုတောင်းပေးပါ တစ်ကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ covid ရောဂါ အမြန်သက်သာပျောက်ကင်းပါစေ ဆိုပြီး ဆုတောင်းပေးပါ

၉ ရက်တိတိ Challenge လုပ်ပါမယ်

အမှတ်စဉ် 1 ကနေ 7 ကို အနည်းဆုံး 5 ခု လုပ်ရပါမယ်

ကိုယ်နဲ့ခင်တဲ့သူတွေကို ၉ ယောက် အနည်းဆုံး

Tag တွဲပြီး challenge ခေါ်ပါ

ကဲ ဒီနေ့က စပါတယ်

ပိုက ၇ ခုလုံး လုပ်ပါ့မယ်

( အကယ်လို့ လုပ်နိုင်ရင် ၁၄ ရက် တိတိ stay home ကာလမှာ ၁၄ ရက် လုပ်ပေးပါနော် ) မေတ္တာတွေနဲ့

ကမ္ဘာမြေကြီး မြန်မြန်နေကောင်းအောင် ဝိုင်းကူကြပါစို့

ဘုရားရဲ့ တရားတော်တွေ ကို လုပ်တဲ့သူများလာရင်

ရောဂါဆိုးကြီးလည်း အမြန် ပျောက်ကင်းသွားမှာပါ

ပထမနေ့.." ဆိုပြီး ပိုပိုက ချစ်ပရိသတ်တွေကို Challenge ခေါ်ထားတာ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးတို့လည်း ဒီကနေ့လေးက စပြီး ပိုပိုနဲ့အတူ အားလုံးအတွက် အကျိုးရှိစေမယ့် Challenge လေး လုပ်ပြီး ကပ်ရောဂါဆိုးကြီးကို ကျော်ဖြတ်ကြရအောင်နော်..။

Photo Credit - ပိုပို's Fb Account
Photo Credit - ပိုပို's Fb Account

Source & Photo Credit - ပိုပို's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။