သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ လူငယ်အဆိုတော်လေး အုပ်စိုးခန့်ကိုပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်နော်။ သူဟာ သီချင်း‌အေးအေးလေးတွေကိုခံစားချက်အပြည့်နဲ့သီဆိုတတ်ပြီး အောင်မြင်နေတဲ့တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါ့ပြင်အုပ်စိုးခန့်ဟာ လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ ပွဲအခမ်းအနားများတက်ရောက်နေတာဖြစ်ပြီး ​ကြော်ငြာလေးတွေကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

Photo credit - Justice Kyaw

အုပ်စိုးခန့်ဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့လည်းခြေလှမ်းသစ်တွေစတင်နေတာဖြစ်ပြီး သူပါ၀င်သရုပ်ဆောင်ထားတဲ့ အိမ်မက်တွေမိုးထားတဲ့အိမ်ဆိုတဲ့ဇာတ်လမ်းတွဲဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို များစွာရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး သူရဲ့ ပုံလေးတွေကိုလည်း တင်ပေးလေ့ရှိနေတာပါ။

Photo credit - Justice Kyaw

ယနေ့မှာတော့ အုပ်စိုးခန့်က ရိုက်ကူးပေးနေတဲ့ ကြော်ငြာလေးရဲ့ ရိုက်ကွင်းနောက်ကွယ်က အခွီပုံရိပ်လေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ နှုတ်ခမ်းမွေးအတုကြီးကိုတပ်ပြီး အသည်းယားစရာကောင်းလောက်အောင် ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ အုပ်စိုးခန့်ရဲ့ ပုံလေးတွေက ကြည့်မိသူပရိသတ်တိုင်းကို အချစ်ပိုမိစေမှာ အသေအချာပဲဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..... ။

Photo credit - Justice Kyaw

Source - Oak Soe Khant's Facebook page

Photo credit - Justice Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။