ပရိသတ်ကြီးရေ.....ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေမှာ ပါ၀င်သရုပ်ဆောင်ခဲ့တဲ့ အိအိတုန်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အနုပညာလောကမှာအချိန်အတော်ကြာရပ်တည် အောင်မြင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အိအိတုန်ဟာ online shoppingလုပ်နေတာဖြစ်ပြီး စီးပွားရေးဘက်ကိုအာရုံစိုက်လုပ်ကိုင်နေတာဖြစ်ပါတယ်နော်။
အိအိတုန်ဟာ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရတော့ပေမယ့် ပရိသတ်တွေကသူမကို အချစ်မလျော့ပဲချစ်ခင်အားပေးနေကြတာပါ။ အခုဆိုရင်လည်း အိတုန်ဟာ ကြည်နူးချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေးတစ်ယောက်အပြင် ဒုတိယမြောက် ရင်သွေးလေးကိုပါလွယ်ထားရပြီဖြစ်ပါတယ်နော်။ အခုလက်ရှိကာလဟာဆိုရင်လည်း stay homeကာလဖြစ်တာကြောင့် အနုပညာရှင်တွေလည်း အိမ်မှာပဲအနားယူနေကြတာဖြစ်ပါတယ်။
အိတုန်တစ်ယောက်လည်း ကိုယ်၀န်အရင့်အမာကြီးနဲ့ ဖြစ်နေတာကြောင့် အိမ်မှာပဲနေရင်း အနားယူနေတာပါနော်။ မကြာသေးမီကတော့ သူမရဲ့ Facebookစာမျက်နှာမှာ "ခေါင်းလျှော်လိုက်တာမျက်လုံးတွေရဲသွားပီ အိမ်နေရင်းဂေါက်ပို့စ်" ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Ei Tone's Facebook acc
Photo credit-Ei Tone's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။