ပရိသတ်ကြီးရေ မြန်မာ့ဇာတ်သဘင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေပြီး အောင်မြင်တွေရရှိနေတဲ့ သူကတော့ ဇာတ်မင်းသား တင်မောင်ဆန်းမင်းဝင်း ဖြစ်ပါတယ်။ သူဟာ အမြဲလိုလို ကကွက်ဆန်းတွေကို ဖန်တီးနိုင်တာကြောင့် ကြည့်မိသူတိုင်းသဘောကျ နှစ်သက်စေခဲ့ပါတယ်။ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်း ဟာ ဇာတ်မင်းသားအဖြစ်သာမက သရုပ်ဆောင်အဖြစ်ပါ ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာဖြစ်ပါတယ်။

Photo Credit -San Min fb account
Photo Credit -San Min fb account

လက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းဟာ ချစ်ရတဲ့ မိသားစုနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာလည်း ဖြစ်ပါတယ်။ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်း က အိမ်မှာနေရင်း အပျင်းပြေ ဆော့ကစားထားတဲ့ tiktok လေးတွေကို ပရိသတ်တွေအတွက် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း တင်မောင်ဆန်းမင်းဝင်း က tiktok ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit -San Min fb account
Photo Credit -San Min fb account

ဒီဗီဒီယိုလေးထဲဲမှာတော့ တင်မောင်ဆန်းမင်းဝင်း က စကားလုံးလှလှလေးတွေ နဲ့ ပျိုမေလေးတွေ ချစ်အားပိုအောင် ခြွေချထားတဲ့ Tik Tok ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေး နဲ့လည်း တင်မောင်ဆန်းမင်းဝင်း က " မင်းက ငါ့ကိုခေါ်မှာလား " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ....ချစ်ပရိသတ်ကြီးရေ စကားလုံးလှလှလေးတွေ နဲ့ ဆော့ကစားထားတဲ့ တင်မောင်ဆန်းမင်းဝင်း ရဲ့ tik tokဗီဒီယိုလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Video Credit -San Min fb account

Source - San Min fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။