ပရိသတ်ကြီးရေ.....မင်းသမီးလေးဖြူဖြူထွေးကတော့ ချစ်စရာကောင်းပြီးသွက်လက်တဲ့ အမူအရာလေးတွေနဲ့ပျော်ပျော်နေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတဲ့သူလေးဖြစ်ပါတယ်နော်။ သူမဟာဟန်ဆောင်မှုကင်းပြီး ရိုးရိုးသားသားနဲ့နေတတ်တဲ့သူလေးလည်း ဖြစ်တဲ့အပြင် အလှူအတန်းဆိုလည်း လက်မနှေးပဲရက်ရက်ရောရောလှူတတ်တဲ့သူလေးဆိုလည်း မမှားပါဘူးနော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

ဖြူဖြူထွေးလေးဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာလည်းဖြစ်ပြီး ကြော်ငြာတွေဆိုလည်း ဆက်တိုက်ဆိုသလိုရိုက်ကူးနေတာဖြစ်ပါတယ်နော်။ သူမရိုက်တဲ့ကြော်ငြာတွေဟာဆိုရင်လည်း သူမကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်ကြီးတွေနဲ့အတူ အသေအချာလေးရိုက်ကူးတာကိုလည်းတွေ့ရပါတယ်......။

Photo credit-Amazing Grace
Photo credit-Amazing Grace

မကြာသေးမီကလည်း ဖြူဖြူထွေးဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ခါးခါးလေးနဲ့မှ ချစ်ဖို့ကောင်းတယ်ဟုတ်" ဆိုတဲ့ captionလေးနဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ဖြူဖြူထွေးလေးဟာ သနပ်ခါးလေးလိမ်းထားပြီး အဖြူရောင်မြန်မာ၀တ်စုံလေးနဲ့ ကျက်သရေရှိရှိလှနေတာပါ။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Amazing Grace
Photo credit-Amazing Grace

Source-Phyu Phyu Htwe's Facebook acc

Photo credit-Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။