အနုပညာမျိုးရိုးက ဆင်းသက်လာတဲ့ စံထိပ်ထားဦးကတော့ ပရိသတ်အချစ်တော် ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသောသမီးချောလေးပဲ ဖြစ်ပါတယ် ။ စံထိပ်ထားဦးက မေမေ့ဆီကနေ အနုပညာသွေးတွေအပြည့်ပါသူလေးဖြစ်လို့ ငယ်စဥ်ကတည်းက ကြော်ငြာလေးတွေ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ် ။ အခုဆိုရင် စံထိပ်ထားဦးက ပညာရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို တတ်နိုင်သလောက် လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ် ။

Photo Credit- San Htate Htar Oo's FB Acc
Photo Credit- San Htate Htar Oo's FB Acc
Photo Credit- San Htate Htar Oo's FB Acc

ငယ်ရွယ်လှပပြီး ချစ်ဖို့ကောင်းတဲ့ ထိပ်ထိပ်လေးကိုတော့ ပရိသတ်တွေကလည်း အားပေးချစ်ခင်နေရတာ ဖြစ်ပါတယ် ။ ထိပ်ထိပ်လေးက သူများတွေနဲ့မတူတဲ့ ကိုယ်ပိုင်အလှတရားတွေကို ပိုင်ဆိုင်ထားသလို အပြုံးလေးတွေကလည်း ဖြူစင်လှပနေတာ ဖြစ်ပါတယ် ။ အကနဲ့ပတ်သက်ရင်လည်း ဝါသနာပါတဲ့ ထိပ်ထိပ်လေးက အပျော်တမ်း Tik Tok အကဗီဒီယိုလေးတွေကို ရိုက်ကူးလေ့ရှိတာ ဖြစ်ပါတယ် ။

Photo Credit- San Htate Htar Oo's FB Acc
Photo Credit- San Htate Htar Oo's FB Acc
Photo Credit- San Htate Htar Oo's FB Acc

အခုလည်း ထိပ်ထိပ်လေးက လတ်တလောမှာ အရမ်းနာမည်ကြီးတဲ့ " Ice Cream " သီချင်းလေးနဲ့ Tik Tok ကစားပြလိုက်တာ ဖြစ်ပါတယ် ။ ထိပ်ထိပ်လေးက အလန်းစားကကွက်လေးတွေနဲ့ စည်းချက်ကျကျကပြထားတာဖြစ်ပြီး အရမ်းကို အထာကျနေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် စံထိပ်ထားဦးရဲ့ Tik Tok Video လေးတွေကို အောက်မှာ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- San Htate Htar's Tik Tok Acc

@sanhtatehtar_

Ice cream chillin chillin ##fyp

Ice Cream (with Selena Gomez) - BLACKPINK
@sanhtatehtar_

##fyp

original sound - Stoney White

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။