တင်းရင်းကျစ်လစ်တဲ့ ကောက်ကြောင်းအလှတရားတွေကို ပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်ပဲ ဖြစ်ပါတယ်။ သူမဟာ ဗီဒီယိုဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်ပွင်လင်းလင်းနဲ့ ပြောတတ်တာတွေကြောင့်လည်း အားလုံးက အချစ်ပိုနေရတာပါ။

Photo Crd- baby Maung’s Facebook Account
Photo Crd- baby Maung’s Facebook Account
Photo Crd- baby Maung’s Facebook Account

ဘေဘီမောင်ဟာ သူမရဲ့ အားလပ်ချိန်များကို မိသားစုနဲ့အတူ ဖြတ်သန်းကုန်ဆုံးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိဘတွေကို လုပ်ကျွေးပြုစုစောင့်ရှောက်နေတဲ့ သမီးအလိမ္မာလေးလည်း ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ အိမ်မှာဘဲ အနားယူ အပန်းဖြေလျက် ရှိတာပဲ ဖြစ်ပါတယ်။

Photo Crd- baby Maung’s Facebook Account
Photo Crd- baby Maung’s Facebook Account

သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဝေမျှပေးတတ်ပြီး မနေ့ညကလည်း ဘေဘီမောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ သီချင်းဆိုနေတဲ့ဖေဖေ့ရဲ့ဘေးကနေခံစားချက်အပြည့်နဲ့အပီအပြင်သရုပ်ဆောင်နေတဲ့ဘေဘီမောင်ရဲ့ Videoလေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေလည်း သီဆိုနေပါသေးတယ်နော်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Baby Maung’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။