ပရိသတ်ကြီးရေ ချစ်စရာကောင်းပြီး စိတ်ထားမွန်မြတ်တဲ့ အနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ လင်းလင်းနဲ့ချစ်သုဝေတို့ ဇနီးမောင်နှံကိုသိကြတယ်မလား။ သူတို့နှစ်ဦးဟာ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာလည်း အောင်မြင်နေကြတဲ့လူတွေဖြစ်ပြီး စိတ်တူကိုယ်တူနဲ့လက်တွဲညီတာကြောင့် ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ဒါ့ပြင်သူတို့နှစ်ဦးဟာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး ပရိသတ်တွေကလည်း ခေတ်လေးနဲ့သစ်လေးကိုအချစ်တွေပိုနေကြရတာပါနော်။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

ချစ်သုဝေတို့ဇနီးမောင်နှံဟာ ပရဟိတအလုပ်တွေကိုလည်း အားတက်သရောလုပ်ဆောင်လေ့ရှိကြသူတွေဖြစ်ပြီး ခေတ်သစ်ဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်။ အခုဆိုရင်လည်းခေတ်သစ်ဖောင်ဒေးရှင်းဟာ လတ်တလောကြုံတွေ့နေရတဲ့ ရောဂါအခြေအနေတွေအတွက် ၀မ်းမြောက်စရာအလှူဒါနတစ်ခုကို ပြုလုပ်လိုက်ပြန်တာလည်းဖြစ်ပါတယ်။ အာ့ဒါကတော့ "အောင်ဆန်းတီဘီရောဂါအထူးကုဆေးရုံကြီး မှာ ဆေးရုံမှာပဲနေထိုင်ရတော့မယ်. ကျန်းမာရေးဝန်ထမ်းများအတွက် အရေးပေါ်လိုအပ်လျက်ရှိသော အိပ်ယာခင်းဖျာ+ခေါင်းအုံး (60)+ ခေါင်းအုံးစွပ် (120) တွေကို ခေတ်သစ်ဖောင်ဒေးရှင်းမှ ​နေ့မကူးပဲ မျှဝေ လှူဒါန်းပေးနိုင်ဖို့ ရယ်Home q ဝင်ရတဲ့ မိသားစုအတွက် အခြေခံစားသောက်ကုန်ရယ် 330ဦးသော လူနာနှင့်ကျန်းမာရေးဝန်ထမ်းများအတွက် မနက်နေ့လည် ညစာ ရသမျှ စီစဉ်နိုင်ဖို့ရယ် လုံးပမ်းလိုက်တာ

"Clean Yangon" က အိမ်ထောင်စုအခြေခံစား​‌ ‌‌ သောက်ကုန် 66ထုပ်ကိုလှူမယ်..Thwin SuHtweမစုကလည်း 4ရက်စာ နေ့လည်စာအလှူရတယ်ဒီညမှာ ကောင်းကောင်းနားစေချင်ဇောနဲ့ စက်ရုံရော ဆိုင်ရော ပိတ်နေပေမယ့် ဆရာဝန်တွေကိုကောင်းကောင်းနားစေချင်လို့ ချက်ချင်းလေးစီစဥ်ပေးပါ ဆိုတာကို ကူညီပေးတဲ့ sweety homeကိုလည်းကျေးဇူးတင်တယ်......။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

"လူအင်အား ၂ယောက်တစ်ပိုင်းနဲ့အလှူတွေအထမြောက်အောင်လုပ်နေရတဲ့ ဖောင်ဒေးရှင်း မှာထူးစိန်‌ရော အိမ်က တို့ရဲဘော် ကားဆရာလေး ရောတစ်နေကုန်မနားရရှာ..ကဲ ဘာပဲပြောပြော နက်ဖန် ရိုးမ q centerနဲ့ positiveဆောင်ဘက် ဆရာဝန်တွေလိုတာတွေ လည်း ဒီနေ့အကုန်အပြီး စီစဉ်နိုင်ခဲ့တယ်..မိတ်ဆွေတွေ သူငယ်ချင်းတွေကလည်း အကုန်လုံးကူညီကြတယ်...COVIDရယ် မင်းတော့လား?? သြော် မေ့တော့မလို့... အင်းစိန်ဆေးရုံ ကျန်းမာရေးဝန်ထမ်းတွေ ရဲ့ နေ့လည်စာ ညစာရယ် ရိုးမq centerက volunteer တွေရဲ့ ညစာရယ် တစ်ပတ်စာmenuလည်း ဒေါ် trezaပဲ ဆွဲတယ် လူပင်ပန်း စိတ်ပင်ပန်းနေရတဲ့ကြားထဲ ဒါတွေချည်းစားနေရတာမျိုးမဖြစ်ရလေအောင် ဒေါ် treကတော့ စီမံတယ်ကလေး၂ဖက်နဲ့ ကျွန်မကလေးအမေကို ဘာမှတ်နေလဲ......." ဆိုပြီး သူမရဲ့ Facebookစာမျက်နှာလေးမှာရေးသားဖော်ပြထားပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Chit Thu Wai's Facebook acc
Photo credit-Chit Thu Wai's Facebook acc

Source-Chit Thu Wai's Facebook acc

Photo credit-Chit Thu Wai's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။