တေးသံရှင်ခင်ဘုဏ်းကတော့ ဂီတလောကမှာ မသိသူမရှိလောက်အောင်ကို ရေပန်းစားအောင်မြင်နေတဲ့ ငွေကြယ်ပွင့်တစ်ဦး ဖြစ်ပါတယ် ။ နှစ်ပေါင်းများစွာကြာအောင် ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့တဲ့ ခင်ဘုဏ်းက အခုချိန်အထိတိုင်အောင် သီချင်းတွေ ဆက်လက်ဖန်တီးနေဆဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ခင်ဘုဏ်းက သူငယ်ချင်းတွေဖြစ်ကြတဲ့ ယုဇန၊ ရှင်ဖုန်းတို့နဲ့အတူ သီချင်းအသစ်တွေကို သီဆိုနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

မကြာသေးခင်ကတော့ ခင်ဘုဏ်းက အိမ်မှာနေရင်း Covid 19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ မိခင်အတွက် အရမ်းကိုစိုးရိမ်ပူပန်နေတဲ့အကြောင်းကို တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မနက်မှာ ခင်ဘုဏ်းက မိခင်နဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းလေးကို သူမရဲ့လူမှုကွန်ယက်မှာ ရေးသားပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ခင်ဘုဏ်းက "မင်္ဂလာနံနက်ခင်းပါရှင် မေမေက ဆီးချိုရှိပြီး ဖျားထားလို့ကျွန်မက အရမ်းစိတ်ပူခဲ့ရပါတယ်။ ဒါပေမယ့် မေမေကတော့ စိတ်ဓါတ်ခွန်အားအပြည့်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး အခုတော့သတ်မှတ်ထားတဲ့ရက်ပြည့်လို့ အိမ်ပြန်လို့ ရပါတော့မယ်။"

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

"မေမေ့အတွက်စိတ်ပူပြီး ဆုတောင်းပေးကြသူများအတွက် ဝမ်းသာအောင် ပြောပြတာပါ။ အဘက်ဘက်က လူအားစိတ်အား တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြသူများကို ကျေးဇူးတင်ပါတယ်။ အဲ့ဒီတော့ ကျွန်မတို့ ဘာပဲဖြစ်ဖြစ်စိတ်ဓါတ် ခွန်အားနဲ့ပဲ အားလုံးကိုကျော်ဖြတ်နိုင်ပါတယ်လို့ အားပေးချင်ပါတယ် အားမလျှော့ပါနဲ့နော်။ ကမ္ဘာကြီးပေါ်က လူသားအားလုံးလည်း ဒီ ကပ်ဆိုးကြီးဘေးက လွတ်မြောက်ပါစေကြောင်း ဆုတောင်းလိုက်ပါတယ် We Can Do It Covid ကြီးထွက်သွားရင် မေကြီးနဲ့တူတူ ညနေဘက်ဘုရားမှာ တရားထိုင်မယ်။ ဆင်တူလေးတွေဝတ်ပြီး လျှောက်သွားကြမယ်နော်။ " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဘုဏ်းတို့မိသားစုရဲ့ဝမ်းသာစရာသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Source & Photo Credit-Khin Bone Pyi's FB Acc

Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc
Photo Credit-Khin Bone Pyi's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။