ချစ်ရတဲ့ ပရိသတ်ကြီးရေ... အစ်မဖြစ်သူ ဘေဘီမောင်ကတော့ သူမရဲ့ တစ်ဦးတည်းသော ညီမလေး သံစဥ်မောင်ကို အချစ်တွေပိုနေပြန်ပါပြီနော်။ အသက်အရွယ်ကွာခြားပေမယ့် ရုပ်ချင်းဆင်တူနေပြီး အမွှာတွေလို့ ထင်ရလောက်အောင် အမြဲနှစ်ယောက်အတူ ပုံလေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ တင်ပေးလေ့ရှိနေတဲ့ ဘေဘီတို့ ညီအစ်မကို ပရိသတ်တွေက အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

သူမတို့ နှစ်ယောက်က အနုပညာလမ်းကြောင်းထက်မှာ အချိန်အတော်ကြာ ရပ်တည်နေတာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့ သူတွေလည်း ဖြစ်ပါတယ်။ အပြုံးလေးတွေက ဆွဲဆောင်မှုရှိပြီး ကိုယ်ခန္ဓာ ကောက်ကြောင်းအလှကလည်း အချိုးအစားညီညီ လှနေတာဖြစ်လို့ ဘယ်လိုဖက်ရှင်တွေပဲ ဝတ်ဝတ် လိုက်ဖက်ညီပြီး ကြည့်ကောင်းနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

ယနေ့မှာတော့ ညီအစ်မ နှစ်ယောက်လုံးက လိုက်ဖက်ညီပြီး လှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ ပိုစ့်ပေးဓါတ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။ ဘေဘီက သူမရဲ့ တစ်ဦးတည်းသော အချစ်ဆုံး ညီမလေး သံစဥ်မောင်ရဲ့ ခါးလေးကို ဖက်ကာ ချစ်မဝဖြစ်နေတာဖြစ်ပြီး " တစ်ဦးတည်းသော ညီမအချစ်ဆုံးပါကျဲလေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ရတဲ့ ပရ်သတ်တွေ ကြည့်ပြီး အချစ်ပိုစေရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...... ။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

Photo credit - Baby Maung's Facebook account

Source - Baby Maung's Facebook account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။