ပရိသတ်ကြီးရေ ဆောင်းယွန်းစံ ဟာ ဆိုရင် အနုပညာလောကထဲမှာ လျှောက်လှမ်းလာခဲ့တာကြာခဲ့ပေမယ့် အကယ်ဒမီ ရွှေကြိုအဖြစ် အားဖြည့်ပါဝင်ရင်း နောက်ပိုင်းမှာ ပိုမိုလူသိများလာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ဖြူဖွေးနုဖက်နေတဲ့ အသားအရေလေးတွေအပြင် ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ဆောင်းယွန်းစံ ကတော့ လက်ရှိမှာ ဗီဒီယို ဇာတ်ကားတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်နေသလို photo Shooting တွေကိုလည်း ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo Credit - Saung Yoon San's Facebook page
Photo Credit - Saung Yoon San's Facebook page

ဒါ့အပြင် ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်လေးတွေအပြင် မြန်မာဆန်ဆန် ဖက်ရှင်ဝတ်တွေကို လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ မကြာခဏဆိုသလို သူမက ပရိသတ်တွေ ချစ်အားပိုမယ့် ပုံရိပ်လေးတွေကို ဖော်ပြပေးပါတယ်။ ယခုတစ်ခါမှာလည်း ဆောင်းယွန်းစံ က အိမ်မှာနေရင်း မြင်သူတိုင်း ငေးမောသွားရလောက်မယ့် ချစ်စရာပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်

Photo Credit - Saung Yoon San's Facebook page
Photo Credit - Saung Yoon San's Facebook page

ဒီပုံလေးတွေထဲမှာတော့ ဆောင်းယွန်းစံ က ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးနဲ့ နှုတ်ခမ်းလေးထော်ထော်ပြီး ပရိသတ်ချစ်အားပိုအောင်ဖမ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းနုရောင်သန်းနေပြီး ဖြူဖွေးနုဖက်နေတဲ့ မျက်နှာလေးကလည်း ​ရင်ခုန်စရာကောင်းပါတယ်။ ကဲ....ချစ်ပ​ရိသတ်ကြီးရေ ယခုမှာတော့ အသည်းယားစရာအမူအရာလေးနဲ့ ဖမ်းစားထားတဲ့ မင်းသမီးဆောင်းယွန်းစံ ရဲ့ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Saung Yoon San's Facebook page 

Source - Saung Yoon San's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။